ပေါ်တူဂီအသင်းမှာ ရော်နယ်ဒိုကို တကယ် မလိုအပ်တော့ဘူးလား
မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် ပြိုင်ပွဲမှာ ပေါ်တူဂီအသင်းဟာ ပြိုင်ဖက် ဆွစ်ဇာလန် အသင်းကို ၆-၁ ဂိုးနဲ့ ဂိုးအသာ ခြေအသာနဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်ကို တက်ရောက် သွားခဲ့ပြီ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ အုပ်စုတွင်းနောက်ဆုံးပွဲမှာ တောင်ကိုရီးယားအသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပေမယ့်လည်း ရှုံးထွက်အဆင့်မှာတော့ ချန်ပီယံခြေစွမ်းကို ပြသသွားခဲ့ပါတယ်။
ယနေ့ပွဲရဲ့ ထူးခြားချက်ကတော့ ပေါ်တူဂီအသင်းရဲ့ ဘောလုံးဂန္ထဝင် ရော်နယ်ဒိုဟာ ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့ဘဲ အရန်ခုံမှာ ထိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပွဲချိန် ၇၃ မိနစ်မှသာ လူစားဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒို ဝင်ရောက်လာချိန်မှာ ပေါ်တူဂီဟာ ၅-၁ ဂိုးနဲ့ အနိုင်ရရှိနေပြီး နိုင်ဖို့ သေချာသလောက် ဖြစ်နေတဲ့ အချိန်ပဲ ဖြစ်ပါတယ်။
ယနေ့ပွဲရဲ့ ပွဲထွက်လူစာရင်းမှာ ရော်နယ်ဒိုနေရာကို ဝင်ရောက်ကစားခဲ့တဲ့ ရာမို့စ်ဟာ အထူးခြေစွမ်းပြပြီး သုံးဂိုး သွင်းယူကာ ဟက်ထရစ် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အနိုင်ရဖို့ လိုအပ်တဲ့ ရှုံးထွက်ပွဲမှာ ရော်နယ်ဒိုကို ပွဲထွက် လူစာရင်းကနေ ချန်ထားခဲ့တဲ့ ပေါ်တူဂီနည်းပြရဲ့ နည်းဗျူဟာကို ပရိသတ်တွေက အံ့အား သင့်နေကြပါတယ်။
ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလားကျင်းပနေစဉ်မှာပဲ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက်သိမ်းခဲ့ပြီး ဆော်ဒီအာရေဗျ ကလပ်အသင်းနဲ့ တန်ဖိုးကြီး စာချုပ်ချုပ်နိုင်ခဲ့တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ် ဖျက်သိမ်းခဲ့ရတဲ့ အကြောင်းရင်းတွေထဲမှာ ပွဲထွက်ကစားခွင့် မရတာလည်း တခု အပါအဝင် ဖြစ်ပါတယ်။
ယခုပွဲ ဖြစ်ရပ်ကြောင့် နောက်ထပ် အရေးကြီးတဲ့ပွဲတွေမှာလည်း ရော်နယ်ဒိုဟာ ပွဲထွက်ခွင့် ရ၊မရ မသေချာတဲ့ သဘော ဖြစ်နေတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။ ပေါ်တူဂီအသင်းမှာ ရော်နယ်ဒိုကို တကယ် မလိုတော့ဘူးလား ဆိုတာကတော့…