ဒီလိုကာလကြီးမှာ ကလေးတွေကို သင်ပေးသင့်တဲ့ ပညာရပ် (၂) ခု (တတ်အောင်သင်ပါ အတန်းမလိုချင်ပါနဲ့)

ကလေးတွေအတွက် ဘာလုပ်ရမှန်းမသိရင် အခုအချိန်အဓိက English စာနဲ့ Math ကို အရွယ် အလိုက် Level အလိုက်သင်ထားပေး။ အတန်းတွေမရှိ/ကျောင်းမတက်ထားလဲ English နဲ့သင်္ချာ အဆင့်တစ်ခုရှိရင် ဘဝမှာရှေ့ဆက်စရာလမ်းတွေရှိပါတယ်။

အင်္ဂလိပ်စာအချိန်အကြာကြီးသင်ပြီး ထိရောက်မှုနည်းတာမျိုးဟာ English စာကို Subject လိုသဘောထားလို့ဖြစ်တတ်တယ်။ English ကို Language လို သဘောထားပြီး သင်ယူရင် ပိုထိရောက်တယ်။ သီအိုရီအရပြောတာမဟုတ်ပါဘူး။ အခြေခံသဘောတရားတစ်ခုကိုပြောကြည့်တာ။

လွယ်လွယ်ပြောရရင် Subject လိုသဘောထားတယ်ဆိုတာ ဘာသာရပ်တစ်ခု အမှတ်ရဖို့အောင်ဖို့ အတွက်ပဲ အာရုံထားပြီးအလွတ်ကျက်မှတ်မှုတွေ လုပ်တာမျိုး။

Language တစ်ခုလို သူ့အလှတရားတွေရှိတယ်။ အသံထွက်နည်းစနစ်တွေ၊ အရေးအဖတ်အပြောနားထောင်မှု စွမ်းရည်တွေနဲ့ လေ့ကျင့်တာမျိုးကိုဆိုလိုချင်တာ။

အကြောင်းတစ်စုံတစ်ရာကြောင့် ကိုယ့်ကလေးဟာ ဘွဲ့မရမှာစိုးရိမ်ပြီး ဘွဲ့ရအောင် ဆိုတဲ့ လမ်းကြောင်းတွေကို ဒီအချိန်မှာ အတင်းကြိုးစားတာထက်၊ အတတ်ပညာတစ်ခုခုကို ထူးချွန်တတ်မြောက်ရမယ်လို့ ရည်ရွယ်ပြီး ကိုယ့်ပတ်ဝင်းကျင်မှာ သူ့ကို အတတ်ပညာ တစ်ခုခု ပေးနိုင်မလားကြည့်ပါ။

ဘာသာစကားတတ်မြောက်မှုဟာ အရေးကြီးပါတယ်။ ဘာသာစကားဟာလည်း ဘဝလွတ်မြောက်မှု အတွက် ထွက်ပေါက်တစ်ခုပါ။

ဘာသာစကားဆို (Eng/Japan/Thai/German) စသဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်လက်လှမ်းမှီသမျှ ဘာပညာရပ်ပဲဖြစ်ဖြစ် တစ်ခုခုကိုသင်ကြားပေးနိုင်အောင် ကြိုးစားပေးကြပါ။

Aung Kyaw San

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page