မြန်မာပြည် ကုမ္ပဏီလုပ်ငန်းခွင်တိုင်းမှာ တွေ့ရတဲ့ လူ (၃) မျိုး (ကွက်တိပါပဲဗျာ)

သိုင်းလောက ဒဏ်ခံနိုင်မှ မြန်မာ မှာ အလုပ်လုပ်ပါ။ မြန်မာပြည်ရဲ့ လုပ်ငန်းခွင်တွေမှာ ဒီသဘောတရားတွေက ပျံ့နှံ့နေပါပြီ။ နိုင်ငံရေးပြောတာ မဟုတ်ပါဘူး။ အလုပ်မှာဖြစ်တဲ့ သိုင်းလောကတွေပါ။

ဆိုပါစို့။ မြန်မာ ကုမ္ပဏီတွေက တုတ်ထိုးအိုးပေါက်သမား (blunt) တွေကို မကြိုက်ကြဘူး။ blunt ဖြစ်တယ်ဆိုတာ ကိုယ်မကြိုက်တာ ကိုယ်ကြိုက်တာ ကိုယ်ဖြစ်စေချင်တာကို လွတ်လွတ်လပ်လပ် ပြောတတ်တဲ့ အကျင့်ပါ။

အဲ့လိုလူကခင်ဗျားဆို သေချာတယ် မြန်မာကုမ္ပဏီ မှာ မြဲမှာ မဟုတ်ပါဘူး။ ဒါ ကျွန်တော့် အတွေ့အကြုံအရပါ မြန်မာ့လုပ်ငန်းခွင်က အမြှောက်သမားနဲ့ အဖားသမားတွေဆိုသိပ်ကြိုက်ကြတာ။ ကိုယ့်ဂျူနီယာက ကိုယ့်စီနီယာ ကို အသေဖား၊ အချိုလုံးသိပ် သိပ်ကြိုက်ကြတာ။ အပေါ်ကလို တုတ်ထိုးအိုးပေါက်သမားဆို သေဖို့သာပြင်ထား။ ရတဲ့နည်းနဲ့ သူဌေး ကို ကိုယ့်မကောင်းကြောင်း ကိုယ်တိုင် လိုက်ပြေတာ။

မြန်မာလုပ်ငန်းခွင်က ရိုသေလေးစားမှု အပေါ်အခြေခံ ပေမယ့် အလုပ်နဲ့ ပက်သက်လာရင် ပေါ်တင် ပြောတာမကြိုက်ကြဘူး။ မုသားလေးနဲ့ သကာလောင်းထားတဲ့ စကား နဲ့ လာပြောမှ ကြိုက်ကြတယ်။

အဲ့လို သကာလောင်းထားတဲ့ စကား ပြောဖို့တောင် ပြောမယ့်သူက တော်တော် အချိန်ယူရတယ်။ အပြောခံရမယ့်သူနဲ့လည်း တည့်အောင်ပေါင်းတတ်မှရတယ်။ အဲ့တော့အလုပ်နဲ့ပက်သက် တဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာတွေ တင်ပြရင် ဒဲ့ချည်းမပြောနဲ့ ရွာပြင်ထုတ်ခံရမယ်။ အဲ့တော့ ချိုသာတဲ့အသံလေးနဲ့ ပြောမှ ဒီ မြန်မာ လုပ်ငန်းခွင် မှာ ရတယ်။

နောက်တစ်ခု ပါဖောမင့် နဲ့ပက်သက်တာပေါ့။ ခင်ဗျား အရမ်းတော်နေပြန်ရင်လည်း ခင်ဗျား ကို လာတိုက်ခိုက်ကြမယ်။ ဒါ ထုံးစံပဲ မြန်မာမှာ။ အရမ်းတော်နေရင် အစည်းအဝေးမှာ ဘုကန့်လန့်တိုက်ကြလိမ့်မယ်။ အဲ့တော့ ကိုယ့်ထိုင်ခုံမြဲချင်ရင် အဲ့ လို ဘုကန့်လန့် တိုက်တဲ့ ငဘု နဲ့ကိုယ်ကတည့်အောင်ပေါင်းရတယ်။

နေ့လည်စာဆို လိုက်၀ယ်ကျွေး။ မနက်တိုင်း နှုတ်ဆက်ဘာညာ လုပ်ရင် ဟယ် အမ အရမ်းလှတာပဲနော်။ သူတို့ က အတင်းပြောကြိုက်တတ်ကြတယ် ငဘုတွေက။ အဲ့တော့သူတို့ အကျင့်လိုက်တု ကိုယ်လည်း ပွစိပွစိ စတိုင်ထဖမ်းရတယ်။ အဲ့လိုလုပ်မှ ငဘု တွေက ကိုယ့်ကို မတိုက်တော့ဘူး ကိုယ့်မဟာမိတ် ဖြစ်သွားတယ်။

နောက်ဆုံးတစ်ခုကတော့ ဖားတာပေါ့။ အဖားကြမ်းမှ လစာတိုးမယ် နေရာသစ်ရမယ် ရာထူးတက်မယ်။ ဒီနေရာ မှာ ခင်ဗျာ သတိအကြီးကြီးထားဖို့လိုတယ်။ ကိုယ်က အထက်လူကြီးဖားလို့ နေရာသစ်ရတယ်ပဲ ထား။ ကိုယ်က အဲ့ရာထူးနဲ့ ဆိုင်တဲ့ အလုပ် မလုပ်တတ်ရင်တော့ တစ်နေ့ကျရင် ကိုယ်နာပြီပဲ။

အဖားကောင်း အလုပ်လည်းလုပ်တတ်ရင်တော့ ကောင်းတာပေါ့။ တစ်ချိန်လုံး လူကြီး လိုက်ဖားပြီးကိုယ့် စွမ်းရည်က အထိုက်လျောက်မတိုးတက်လာရင် သင်ဟာ အမေရိကန်ဗန်းစကားနဲ့ ပြောရရင် ဖိနပ်လျက်သူ (bootlicker) ပဲ။

အဲ့တော့ ကိုယ့်အစွမ်းကို ချွန်မြနေအောင် မလုပ်နိုင်ရင် ကိုယ့်ထက်သာသူက မဖားဘူး သူ့အစွမ်း နဲ့ နေရာသစ်ရလိမ့်မယ်။ အဲ့လို ကိုယ်တိုင်အစွမ်း နဲ့ တက်သူ ကို လတ်တလော Urban English မှာ personal cataloging လို့ခေါ်တယ်။ ဖားတဲ့အလုပ်မလုပ်ဘူး အလုပ်ကို ဖြစ်မြောက်လုပ်ပြီး အပေါ်တက်သွားသူတွေကိုဆိုလိုတာပါ။

ကဲ ဒီ ၃ ချက်ကို သိထား ပိုင်ထားမှ မြန်မာ company တွေမှာ မြဲမယ်။

Khan Sian Muang
(ဖတ်ရ ချောမွေ့စေရန် အချို့စကားလုံးများကို မြန်မာမှု ပြုထားပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page