ရုရှားရွှေ လှည့်ကွက်၊ တန်ဖိုးကျဦးမယ့် ကျပ်ငွေနဲ့ ရွှေဈေး ကမောက်ကမ ဖြစ်ဦးမယ့် အခြေအနေ

ကျပ်ငွေ အလားအလာ၊ အခုကောလဟလ ထွက်နေသလို တဒေါ်လာ 2100, တရူဘီ 35 က လက်ရှိ ပြင်ပပေါက်စျေး မဟုတ်ဘူးဆိုတာ ပထမဆုံး သိသင့်တယ်။ ရုရှားရွှေတွေကို တတိယနိုင်ငံက တဆင့် တခြားနိုင်ငံ ပို့မယ်ဆို နယ်နိမိတ် ထိတဲ့ ဗဟို အာရှနိုင်ငံက အများဆုံး ဖြစ်နိုင်ပါသည်။ ဒီတော့ မြန်မာကို ရုရှားက ရွေးချယ်မယ်ဆိုတာ ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ လက်နက်ရောင်းရုံမက ရွှေပါ ရောင်းလို့ရတဲ့ သူအတွက် အကျိုးရှိတဲ့ နိုင်ငံဖြစ်နေလို့ပဲ။

လက်ရှိ ရူဘီပေါက်စျေးက အပြင်ဒေါ်လာစျေးနဲ့ ယှဉ် ကျပ်ငွေ 60နီးနီးဖြစ်နေတော့ 60နဲ့ တွက်ပါက 97000 x 60 ÷ 1.875 = 31 သိန်း ဖြစ်တယ်။ ဒီတော့ ရုရှားဆီက ရွှေတကျပ်သားဝယ်တိုင်း မြန်မာကျပ်ငွေတန်ဖိုးက 299000 ကျတော့ တသိန်းလောက် တန်ဖိုးကျသွားမည့်သဘောပဲ။ ရုရှား ရူဘီ ရဖို့ မြန်မာပြည်အတွက် ဝင်ငွေလမ်းကြောင်း မရှိပါ။

ရုရှားက ရိုက်ချင်တိုင်း ရိုက်နေတဲ့ ကျပ်ငွေကို သူနိုင်ငံငွေကြေးနဲ့ တိုက်ရိုက်လက်ခံဖို့ မလွယ်ဘူး။မြန်မာမှာ ပြည်ပမှာ အလုပ်လုပ်တဲ့ ပြည်သူတွေဆီက ဒေါ်လာ၊ ယွမ်၊ ဘတ်တွေ အများဆုံးရကြတယ်။ ယွမ်ဆို နယ်စပ်ကုန်သွယ်ရေးက တဆင့် ရရှိနိုင်ပေမဲ့ ရူဘီအတွက်က ငွေရလမ်း မရှိပါ။ ဒီတော့ ဒေါ်လာက နေ ရူဘီ ပြောင်းရင် မမြတ်တဲ့အပြင် အောက်စျေးနဲ့ လဲရတော့ မြန်မာကျပ်ငွေတွေ တန်ဖိုး ပိုကျလာနိုင်တယ်။

ဒီလိုပဲ ယွမ်ကနေ ရူဘီ ပြန်လဲရတော့ ငွေလဲနှုန်းမှာ နှစ်ဆင့်ခံဖြစ်နေတော့ ကျပ်ငွေတန်ဖိုးက ကျဆင်းလာမှာဖြစ်တယ်။ ကျပ်ကနေ ရူဘီ တိုက်ရိုက် ဖြစ်ဖို့က မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒီတော့ လက်ရှိပြည်တွင်းမှာတောင် ဆေးကုဖို့ ပြည်ပထွက် ကလေးကျောင်းထားဖို့ ပညာသင်ဖို့ နိုင်ငံခြားငွေ လိုအပ်မှုက အလွန်များပြားနေတယ်။

စကစ ဘက်ကလည်း ရုရှားဆီက လက်-က်တွေကို ဝယ်ဖို့ ရူဘီနဲ့ ပေးချေရတယ်လို့ ဘယ်လိုပဲ ပြောပြော ရုရှားက အခုပေါက်စျေး ကျပ်ငွေကို လက်ခံမှာ မဟုတ်ဘူး။ သူရဲ့ငွေနဲ့ လဲဖို့ ယွမ် ၊ ဒေါ်လာပဲ လက်ခံမှာ မလို့ ငွေကြေးစျေးကွက်မှာ ဒေါ်လာနဲ့ နိုင်ငံခြားငွေ လိုအပ်ချက်က များသထက်များလာလို့ ကျပ်ငွေ တန်ဖိုးက ကျဦးမှာပဲ။

ပြီးတော့ တိုင်းပြည်ထဲကို မဖြစ်မနေ တင်သွင်းရမည့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါးများ၊ စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်တဲ့ ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနဲ့ လုပ်ငန်းသုံးပစ္စည်းတွေ လျှပ်စစ်ပစ္စည်းတွေက နေ့စဉ် လိုအပ်ချက်တွေ များပြီး ပြည်တွင်းမှာ ပြတ်လတ်နေတော့ ဒေါ်လာတွေ ပြည်ပကို ထွက်ဖို့က ပြည်တွင်းကို ဝင်လာတာနဲ့ အဆများစွာ ပိုများနေတယ်။

အရင်က မြန်မာမှာ ကမ္ဘာရွှေထက် နိမ့်ရင် ရွှေမှောင်ခိုသမားတွေနဲ့ ပြည်ပကို ရွှေတွေ စျေးပေါပေါနဲ့ ရောက်ကုန်လို့ ဒေါ်လာနဲ့ ထိန်းညှိကာ ကစားကြတာ မှန်ပေမဲ့ တကယ်ရုရှားက ရွှေတွေ ပြည်တွင်းကို ရုရှား ရူဘီနဲ့ သွင်းလာမယ်ဆိုရင် စကစဟာ တကျပ်သား သွင်းလာတိုင်း မြန်မာကျပ်ငွေ တန်ဖိုးဟာ တသိန်းလောက် နစ်နာဆုံးရှုံးသွားတဲ့သဘောပဲ။

နောက်တချက်က ပြည်တွင်းမှာ ရွှေဝယ်လိုအားထက် ဒေါ်လာဝယ်လိုအားကသာ များနေတာ။ ကမ္ဘာမှာ ရုရှားနဲ့ တရုတ်က ရွှေတွေ ထုတ်ရောင်းနေကြလို့ ရွှေနဲ့ ယှဉ်ထားတဲ့ ဒေါ်လာကလည်း သူစျေးမာအောင် ဘဏ်တိုးနှုန်းတွေ အတင်းမြှင့်တင်ပြီး ဆွဲတင်ထားတော့ ကမ္ဘာရွှေစျေးက အကျဘက်ရောက်နေတယ်။

ဒီတော့ ဒေါ်လာကိုင်ထားတဲ့သူတွေက ရွှေဘက်ကို လှည့်ပြီး မကစားပဲ ဒေါ်လာကိုင်ထားမယ်ဆိုရင် ပြည်တွင်းမှာ ရွှေဝယ်လိုအားမရှိရင် ရွှေစျေးက ထိုးကျမယ်။ အဲလို ထိုးကျတဲ့အချိန်ရောက်မှ ပြည်ပက ရွှေမှောင်ခိုသမားတွေ သဘောကျတဲ့ ရွှေစျေးတန်းတခုရောက်မှသာ ရုရှားမှောင်ခိုရွှေတွေရဲ့ ဝယ်လိုအားက ပြန်ရှိလာနိုင်တာ။

ဒီတော့ ရွှေစျေး ဘယ်လောက်မှ ပြည်ပက ရွှေမှောင်ခိုသမားတွေ စိတ်ဝင်စားပြီး လာဝယ်မလဲဆိုတာ ခန့်မှန်းလို့ ခက်ပေမဲ့ အခု ရုရှားက စကစကို ပေးစားထားတဲ့ အမြတ်ထက် အဆများစွာ ရွှေစျေးကျဖို့ ရှိတယ်ဆိုတာကတော့ ခန့်မှန်းကြည့်လို့ရတယ်။ မြန်မာကို ရောင်းတာ စလုတ်နဲ့ အိန္ဒိယကို ရောင်းတာထက် အဆများစွာ ပိုမမြတ်ရင် ရုရှားက မြန်မာဆီကနေ တဆင့်ခံမရောင်းဘူး။ စလုတ်တို့ အိန္ဒိယတို့ကလည်း ပေါ့သေးသေး နိုင်ငံတွေ မဟုတ်တော့ ရုရှားတွက်ကိန်းကို ကြိုသိပြီးသား။

ခေတ်အဆက်ဆက် နယ်စပ်ကုန်သွယ်ရေးတွေမှာ တောင်သူတွေ သစ်သီးကုန်သည်တွေ စီးပွါးပျက်အောင် လုပ်သလိုမျိုး ရွှေစျေးကစားပြမှာ။ ဒီတော့ ရုရှားရွှေရောင်းတာဟာ ကျပ်ငွေတန်ဖိုး အလျင်အမြန်ကျဆင်းစေမည့် နည်းဖြစ်သလို မြန်မာကျပ်ငွေတန်ဖိုးနဲ့ ရွှေတန်ဖိုးတွေဟာလည်း ဗရမ်းဗတာ ဖြစ်ကာ အကျဘက်ဦးတည်ပြီး ဒေါ်လာ၊ ယွမ်၊ ဘတ်တွေက ဝယ်လိုအားများ၊ လိုငွေတအားများနေတော့ အတက်ကြမ်းပြီး ကျပ်ငွေတန်ဖိုးဟာ အဆမတန်ကျဆင်းဖို့ပဲ ရှိတယ်။ (Aung Kyaw Oo)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page