ကူးစက်မြန် ကိုဗစ်မျိုးကွဲ အိုမီခရွန်ပိုး စင်ကာပူမှာ စတွေ့ပါပြီ

အိုမီခရွန်ကို ပြည်တွင်းကူးစက်မှု စတင်တွေ့ခဲ့ရတဲ့ စင်ကာပူ

လူ (၅) ယောက်ထိ ကူးစက်ခံနေကြရပြီး (၃) ယောက်က အာဖရိကတိုက်က လာတဲ့ ခရီးသည်တွေဖြစ်ကြပါတယ်။

အသက် (၂၄) နှစ်အရွယ် လေဆိပ်ဝန်ထမ်းဟာ ဘယ်မှခရီးမသွားဘဲ အိုမီခရွန်ကူးစက်ခံခဲ့ရလို့ ပြည်တွင်းကူးစက်မှု အဖြစ် ပထမဆုံး မှတ်တမ်းဝင်ခဲ့ရတာပါ။

နောက်တယောက်က စင်ကာပူ အစဉ်အမြဲနေထိုင်သူ ဖြစ်ပြီး ပြင်သစ်ကလာတာကို ဂျာမဏီတဆင့်ခံပြီး ဝင်လာခဲ့တာပါ။ သူ့ကိုတော့ လေဆိပ်အဝင်မှာ စစ်တုန်းက မတွေ့ဘဲ နောက်တရက်ကျမှ နှာခေါင်းတွေမွှန်လာလို့ စစ်ကြည့်တဲ့အခါ သွားတွေ့ခဲ့ရတာပါ။

စင်ကာပူကျန်းမာရေးဌာနကတော့ လာမယ့်ရက်တွေအတွင်း ရောဂါကူးစက်နှုန်းမြင့်တက်လာဖို့ ခန့်မှန်းတွက်ချက်ထားလိုက်ရပါပြီ။

Francis Zin

Leave a Reply

Your email address will not be published.

x

You cannot copy content of this page