ခရီးသွားပြည်သူများကို ရသပေါင်းစုံ ပေးစွမ်းနိုင်တဲ့ ရန်ကုန်ဘတ်စ်ကားများ (ဒုက္ခတွေထဲက ဒုက္ခတမျိုး)

ခများတို့ကတော့ YBS 6 ရဲ့ ဝန်ဆောင်မှုကို ဘယ်လိုမြင်လဲတော့ မသိဘူး။ ကျတော်ကတော့ ကြိုက်တယ်။

ဘာလို့လဲဆို ကားပေါ် ခြေလှမ်းစလှမ်းတာနဲ့ တက်တူး အပြည့်ကပ်ထားတဲ့ မြင့်မြတ်အထာ လူမိုက်ဂိုဏ်းစတားကြီး တွေကို အရင်တွေ့ရပါမယ်။ တကယ်လုပ်မယ့် ရုပ်ကြီးတွေ အိုက်စ်။

ပြီးရင်တော့ ရင်ခုန်ရမယ့် အပိုင်း ရောက်လာပါပြီ။ ကြပ်ထုတ်နေတယ့် လူတွေကြားထဲ တိုးဝှေ့ရင်း ငါ့ ပိုက်ဆံအိတ်လေး ကားနောက်ပေါက်ထိ ပါမှ ပါပါ့မလား၊ ရင်တွေ တဆွေ့ဆွေ့ခုန် အ့ပိုင်းထိ သင်ကျော်ဖြတ်ပြီးရင်တော့ ငယ်ငယ်ကစီးခဲ့ရတဲ့ ရိုလာကိုစတာ စစီးရပါပြီ။

တချက် တချက် ကွေ့လိုက်တဲ့ အကွေ့တွေမှာ ရင်ထဲမှာ ဟာခနဲ ဟာခနဲ ရင်ထဲမှာ တဒိုင်းဒိုင်း crush ကို ဖွင့်ပြောရင်တောင် အဲဒီလောက် မဖြစ်ဘူး။

ဘုရားစာတွေလဲ အဲဒီချိန်မှာ အလွတ်တွေ ရကုန်ပါပြီ။ နောက်ပီး ဂျင်ဆော့စရာ မလိုအောင် တန်းတွေကိုမြဲနေအောင် ကိုင်ရင်း လက်မောင်းဂျင် free ဆော့ခွင့် ရပါတယ်။

သူတို့ လေယာဥ်​ပြိုင်မောင်းနေတဲ့အချိန်ဆို ကိုယ်ကလည်း ဘုရားစာရွတ် သူတို့ကလည်း လွှတ်ဆဲ ရေလည်မိုက်တဲ့ ဝန်ဆောင်မှုပါ။

ရီမောနိုင်ပါစေ။

Pyae Sone

Leave a Reply

Your email address will not be published.

x

You cannot copy content of this page