သမ္မတ လစာ တနှစ် တဒေါ်လာပဲ ယူခဲ့တယ်လို့ ကြွားတဲ့ ထရမ့် အကြောင်း အကုန်ပေါ်ပါပြီ
ထရမ့်ရဲ့ချွေးမဖြစ်သူ လာရာထရမ့်က ထရမ့်ဟာ သမ္မတလစာမယူပဲ လေးနှစ်အတွင်း တစ်နှစ်တစ်ဒေါ်လာနဲ့ လေးဒေါ်လာပဲယူခဲ့တယ်လို့ ကြွားခဲ့ပါတယ်။
တကယ့်မှတ်တမ်းတွေအရ လစာမယူဘူးဆိုတာမဟုတ်ပါ။ ပြန်လှူခဲ့တယ်ဆိုတာလည်း မဟုတ်ပါ။ ထရမ့်လောက် ငွေမက်တာ ထရမ့်ပဲရှိပါတယ်။
သူ့ချွေးမ ထပ်ပြောတဲ့ ထရမ့်ဟာအမေရိကန်ပြည်သူတွေအတွက် နေ့တိုင်းအလုပ်လုပ်တယ်ဆိုတာလည်း မှားပါတယ်။
ထရမ့်ဟာ လေးနှစ်အတွင်း ရက်ပေါင်း ၃၀၀ လောက်သူ့ကိုယ်ပိုင်ဂေါက်ကွင်းမှာ ဂေါက်ရိုက်သွားတဲ့အတွက် သမ္မတသက်တမ်းရဲ့ ၄ ပုံ ၁ လောက် ဂေါက်ရိုက်ရင်း အချိန်ဖြုန်းသွားတာ ဖြစ်ပါတယ်။
ပိုဆိုးတာက သူ့ဂေါက်ကွင်းမှာသူရိုက်တာမို့ အစိုးရငွေကို သူ့အိတ်ထဲ ထည့်နိုင်ခဲ့ပါတယ်။ အမေရိကန်ပြည်သူတွေရဲ့ငွေ (အစိုးရစားရိတ်) ဒေါ်လာ (၆၄) သန်းဟာ သူဂေါက်ရိုက်တာအတွက်ကုန်ကျခဲ့ပါတယ်။
ဒါတောင် Air Force One သုံးတာမပါသေးပါဘူး။ အဲ့ဒါပါထည့်ပေါင်းရင် ဒေါ်လာ (၁၄၄) သန်းဖိုးသုံးသွားတာပါ။ ဒါ့အပြင် သူသမ္မတမဖြစ်ခင် ဒေါ်လာသန်းပေါင်းများစွာ အခွန်မပေးခဲ့တာရှိတယ်လို့ ဝါရှင်တန်ရှိ Citizens for Responsibility and Ethics ကထောက်ပြထားပါတယ်။
ထရမ့်ရဲ့အားနည်းချက်က လေလုံးအရမ်းကြီးတာဖြစ်ပါတယ်။ အလိမ်အညာတွေလည်းများပါတယ်။
Richard Myo Thant