စကစ ဗဟိုဘဏ်က ဒေါ်လာပုံသေဈေးကို ၂၁၀၀ သို့ပြောင်း (အပြင်ဈေး ၃၅၀၀ ကျော်ပါတော့မယ်)
ယနေ့မှာတော့ စကစ လက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာ ပုံသေဈေးနှုန်းကို တဒေါ်လာ ၂၁၀၀ ကျပ်သို့ ပြောင်းလဲလိုက်ပြီလို့ ထုတ်ပြန်လိုက်ပါတယ်။ စကစ အနေနဲ့ ဒေါ်လာဈေးနှုန်းကိုသာမက ယူရို၊ စင်ကာပူဒေါ်လာ၊ စတာလင်ပေါင်၊ ဂျပန်ယန်း၊ တရုတ်ယွမ်ငွေဈေးတွေကိုပါ တိုးမြှင့်ပြောင်းလဲ လိုက်တာ ဖြစ်ပါတယ်။
စကစ အနေနဲ့ တဒေါ်လာကို ပုံသေဈေး ၁၈၅၀ကျပ် သတ်မှတ်လိုက်တဲ့ ဧပြီလကစပြီး ပြင်ပဈေးကွက်မှာ မြန်မာကျပ်ငွေဈေးများ တန်ဖိုးထိုးကျခဲ့ပြီး လက်ရှိအချိန်မှာ တဒေါ်လာကို ၂၇၀၀ ကျော် ဈေးနှုန်း ဖြစ်နေတာ ဖြစ်ပါတယ်။
စကစ အနေနဲ့ မြန်မာ့စီးပွားရေး ပြိုလဲမှုကို ဆေးမြီးတိုများနဲ့ ရေတိုကုသနေသော်လည်း ဘယ်လိုမှ ထိရောက်မှု မရှိဘဲ ဖြစ်နေတာကို လက်ရှိမြန်မာ့စီးပွားရေး အခြေအနေကို ကြည့်ရင် သိသာနေပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားခဲ့ပြီး ထုတ်ကုန် သုညအခြေအနေ ရောက်ရှိသွားခဲ့တဲ့ မြန်မာ့စီးပွားရေးဟာ နလံပြန်မထူနိုင်တော့မယ့် အခြေအနေအဖြစ် တစတစ ပုံပေါ်လာပြီ ဖြစ်ပါတယ်။
ဒေါ်လာဈေး ၁၈၅၀ သတ်မှတ်တဲ့ အချိန် ပြင်ပဈေးကွက်နဲ့ ၄၅ ရာခိုင်နှုန်း ကွာဟခဲ့သလို ယခုလို ၂၁၀၀ သတ်မှတ်လိုက်ချိန်မှာ ပြင်ပဈေး သေချာပေါက် ၃၀၀၀ ကျော်ပြီး ၃၅၀၀ ဖြစ်သွားလိမ့်မယ်လို့ စီးပွားရေး ပညာရှင်တွေက ခန့်မှန်းနေကြပါတယ်။
မြန်မာတန်ဖိုးငွေ လျော့ကျမှုကြောင့် အထွေထွေကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လျက် ရှိပြီး ပြည်သူများ အနေနဲ့ တနေ့တခြား ပိုမိုကျပ်တည်းလာနေကြပြီ ဖြစ်ပါတယ်။ မြန်မာ့စီးပွားရေး အဆုံးတိုင် ပြိုလဲသွားမလား ဆိုတာကတော့