အိုမီခရွန်ပိုးကို ပြည်တွင်းမှာ မစစ်နိုင်ကြောင်း စကစ ကျန်းမာရေးဌာနမှ ဒေါက်တာ ခင်ခင်ကြီး ဝန်ခံ

အိုမီခရွန်ပိုးတွေ့တာနဲ့ပတ်သက်လို့ ပိုပြီးနားလည်အောင် အတိုချုပ်ပြောရလျှင်

(၁) ပိုးတွေ့တဲ့လူ ၃၀ သည် တနေ့တည်း လေယာဉ်တစီးတည်းက မဟုတ်ပါဘူး

(၂) အိုမီခရွန် ကူးစက်မှုရှိနေတဲ့ ဒူဘိုင်း တရုတ် ထိုင်း မလေးရှားနဲ့ အိန္ဒိယပြန်များဆီက ယူထားသော ပိုးတွေ့နမူနာများထဲမှ ဖြစ်နိုင်ခြေရှိသော ပိုးပမာဏများနေသော ဓာတ်ခွဲနမူနာများကို WHO reference Lab ဖြစ်တဲ့ SEARO တိုင်းပြည်များအတွက် သတ်မှတ်ထားတဲ့ ထိုင်းနိုင်ငံရှိ ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးတာဖြစ်ပါတယ်

(၃) မျိုးရိုးဗီဇစစ်ဆေးချိန်အချိန်နှစ်ပတ်ယူရပါတယ်

(၄) ခုတွေ့ရှိရသူများသည် နိုင်ငံခြားပြန်များဖြစ်သည့်အပြင်သေချာ ကွာရန်တင်း ထားရှိသူများထဲမှဖြစ်ပါသည် ပိုးတွေ့သူများကိုလည်း Isolation သေချာလုပ်ထားပြီး စိတ်ချရမှ ဆေးရုံပေးဆင်းတာဖြစ်ပါသည် ပြည်ပပြန်များတွင်သာ တွေ့ရှိခြင်းဖြစ်ပြီး ပြည်သူလူထုအတွင်း Local transmission မရှိသေးပါ

(၅) အိုမီခရွန်နှင့်ပတ်သက်၍ WHO မှ ထုတ်ပြန်ချက်အရ ကူးစက်မှုအနေနှင့် မြန်ဆန်ပြီး အစောပိုင်းသုတေသနတွေ့ရှိချက်များအရ ရောဂါပြင်းထန်မှုအနေနှင့် ဒယ်လ်တာ နှင့်နှိုင်းစာလျှင် လျော့ကြောင်းသိရပါသည်

(၆) သို့သော်ကာကွယ်ဆေးမထိုးထားသော လူအုပ်စုများထဲမှ အသက်ကြီးသူများ နောက်ခံရောဂါရှိသူများ ကူးစက်ခံရလျှင်တော့ ဆေးရုံတက်ရောက်ရမှု ရောဂါပြင်းထန်စွာခံစားရမှု ဖြစ်နိုင်ပါသည်

(၇) ဒါ့ကြောင့် ကိုဗစ်ကာကွယ်ဆေးကို နိုင်ငံတော်မှ အခမဲ့ထိုးပေးနေတာမို့ ဆေးထိုးရန်အကျုံးဝင်သူများ မပျက်မကွက်ထိုးနှံကြရန် တိုက်တွန်းအပ်ပါသည်

(၈) မိမိ၏ အန္တရာယ်ရှိနိုင်မှုကို မိမိကသာ လျှော့ချနိုင်ပါလိမ့်မည် Mask တပ်ပါ ကိုဗစ်စည်းကမ်းများကိုလိုက်နာပါ မလိုအပ်ပဲ ခရီးမသွားပါနှင့်။

အိုမီခရွန်ပိုးတွေ့ပြီဆိုလို့ သိပ်ပြီးအစိုးရိမ်ကြီးရန်မလိုသလို ပေါ့ပေါ့ဆဆနေ၍လဲ မရပါ။ ဒီတော့ကာ မိမိကိုယ်တိုင်ရဲ့ အန္တရာယ်ကိုလဲလျော့ချခြင်းဖြင့် မိမိနဲ့ မိမိမိသားစု သူငယ်ချင်း အပေါင်းအသင်းများကိုလဲ ကာကွယ်နိုင်ဖို့ ဒါတွေကို လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။

အသက်ဉာဏ်စောင့် ဥစ္စာကံစောင့်မို့လား၊ ကံကိုယုံပြီး ဆူးပုံမနင်းဖို့တော့လိုပါတယ် ပြောချင်တာက ကာကွယ်ဆေးထိုးထားပြီးပြီဆိုပြီးလဲ ပေါ့လို့မရပါဘူး ကာကွယ်ဆေးလဲထိုး တစ်ပါတည်း ကိုဗစ်စည်းကမ်းတွေကိုလဲ လိုက်နာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page