အိုမီခရွန်ထက် မျိုးဗီဇပြောင်းလဲမှု (၁၀) ခု ပိုများတဲ့ ကိုဗစ်ပိုးအသစ်တမျိုး ပြင်သစ်မှာ စတင်ကူးစက်
IHU လို့ လောလောဆယ်ခေါ်တဲ့ ကိုဗစ်ဗီဇကွဲအသစ် (B.1.640.2 variant) ကို ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းမှာတွေ့ခဲ့ပါတယ်။
အဲ့ဒီ B.1.640.2 variant IHU ကို WHO ကအမည်မပေးရသေးပါဘူး။ IHU variant မှာ သန္ဓေကွဲ ၄၆ ခု (46 mutations ) ရှိတယ်လို့ဆိုပါတယ်။
ဒီအကြောင်းကို ဆေးပညာဂျာနယ် medrxiv မှာဖော်ပြထားပါတယ်။ peer-reviewed တော့မလုပ်ရသေးပါဘူး။
အခုမှစတွေ့တာဖြစ်ပြီး အခြားနိုင်ငံတွေမှာမတွေ့ရသေးပါဘူး။ စိုးရိမ်ဖို့မလိုသေးပဲ WHO ရဲ့ကြေညာချက်ကိုစောင့်ဖို့လိုပါတယ်။
အခုထိ (၁၂) ယောက်ကူးစက်ထားတာကိုတွေ့ရပါတယ်။ WHO ကသေချာစုံစမ်းစစ်ဆေးပြီးမှ နာမည်အသစ်ပေးသင့်ရင် ပေးပါလိမ့်မယ်။ သိထားဖို့တင်ပေးတာဖြစ်ပါတယ်။
Richard Myo Thant
4-January -2022