မီတာရုံးရဲ့ လူလည်ကျမှုကို သက်သေနဲ့ တကွ ဖော်လိုက်ပါပြီ (လူမနေတဲ့အိမ်က ၅ သောင်းကျော်ကျတယ်တဲ့)

လူမနေတဲ့ အိမ်ကို မီတာခ (၅) သောင်းကျော်ကျတယ် ဆိုပြီး မီတာမဖတ်ပဲ ယူနစ် ၅၀၀ ကျော် ပိုကောက်တဲ့ ကိစ္စ ရန်ကုန် မြောက်ဒဂုံမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ မီတာခ ပိုကောက်တာ ခံနေရတဲ့ ပြည်သူတဦးရဲ့ ရင်ဖွင့်သံကို ဖော်ပြလိုက်ပါတယ်။

ကျွန်တော့်အိမ်ကို မီတာစာရွက်လာလို့ စစ်ကြည့်တော့ ၅၂၁ ယူနစ်သုံးထားတယ်ဆိုပြီး ၅၈၁၇၅/- ကျတယ်ဆိုလို့ မီတာရုံးက လိုင်းအင်ချက် ကိုခေါ်ပြီး ဓါတ်တိုင်ပေါ်တက်ပြီး စစ်ဆေးကြည့်တော့ နောက်ဆုံးယူနစ်က ၂၃၉၇ ပါ။ မီတာရုံးက ၂၉၀၄ ဆိုပြီး လာကောက်တဲ့အတွက် ယူနစ် ၅၀၇ တောင် ပိုကောက်ထားပါတယ်။

ရုံးကိုသွားပြောတော့လည်း ရူးသလိုကြောင်သလိုနဲ့ တာဝန်ခံပြောမယ့်သူ တစ်ယောက်မှမရှိပါဘူး။ မီတာကို လာမဖတ်ပဲ ညာကောက်နေပါတယ်။ လိုင်းခန်းရလို့ အိမ်မှာမနေတာ ၂ လရှိပါပြီ။

လူမနေတဲ့အိမ်ကို မီတာစောင့်ရှောက်ခပဲ ကောက်ရမှာကို ၂၀၀ ယူနစ်ကျော်ရင် ၁၂၅ ကျပ်နဲ့ ပိတ်ကောက်ပြီး ပြည်သူကို ထိခိုက်အောင်လုပ်နေပါတယ်။

တာဝန်ရှိလူကြီးမင်းများ ဖြေရှင်းပေးနိုင်ပါရန် မီတာစာရွက်၊ မီတာမှယူနစ်တို့အား ပူးတွဲတင်ပြအပ်ပါတယ်။(Kyaw Thura)

မီးဖြတ်ခံရမှာ စိုးရိမ်လို့ မီတာလာဆောင်ကြပေမယ့် စာရင်း မနိုင်ခြင်း၊ ကြွေးကျန် စာရွက်များ ထပ်ခါ ထပ်ခါ ရောက်ရှိခြင်း၊ အိမ်မှားယွင်းပြီး မီးဖြတ်ခြင်းတို့ကြောင့် ပြည်သူများ အီးပီစီကို စိတ်ပျက်နေကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page