တနေ့လုံး ဈေးရောင်းရလို့ နေ့လည်စာနဲ့ ညစာကို တနပ်ထဲ ပေါင်းစားရတဲ့ အသက် (၇၀) အဖိုး
ဒီနေ့…နေ့လည်စာ နဲ့ ညစာ ပေါင်းမစားရတော့ဘူး
အဖိုး အသက် (၇၀)နှစ်… စျေးကြီးထဲမှာ…မနက် (၆)နာရီ မှ ညနေ (၄)နာရီထိ…နှီး ရောင်းတယ်။
အဖိုး ဘယ်လို ရောင်းလဲ ဗျ၊ တစီး (၁)ထောင်ပါ သား၊ ဟုတ်…သားက အလုပ်ထဲ သုံးစရာရှိလို့ အဖိုးဆီက နှီး အကုန်ဆို ဘယ်လောက်ကျမလဲ ဗျ၊ ခဏနော်…အဖိုး စည်းကြည့်ပေးပါမယ် သား၊
သား (၈)စည်းရှိပါတယ်။ ဟုတ် အဖိုး…ဒါဆို အကုန် ယူမယ်နော်။ ခဏလေး…အဖိုး သေချာပြန်စည်းပေးမယ်…မဟုတ်ရင် သား လက်ရှမယ်။ ဟုတ် အဖိုး…ဒါနဲ့ မိသားစုကော ရှိလား
ရှိတယ် သား…အမျိုးသမီးက နေမကောင်းဘူး…သူက အမြဲတမ်း ဆေးသွင်း ဆေးသောက်နေရတာ။ ဟုတ်…အဖိုး ဒါတွေ ရောင်းရင် ဘယ်လောက်ကျန်လဲ။ အဖိုးက ကိုယ့်ဘာသာ ဝါးဝယ်ပြီ…လုပ်ရောင်းတာ သား…တလုံးကို (၅)ထောင်လောက်တော့ ကျန်ပါတယ် သားရယ်…
ဒါတွေ ကုန်မှ အိမ်ပြန်တာပေါ့…မကုန်တဲ့ရက်ကော ရှိလား။ ရှိတာပေါ့ သားရယ်…မကုန်လဲ ပိတ်ချိန်ဆို ပြန်ရတာပဲလေ။
ဒါတွေ ကုန်အောင် တနေကုန်ရောင်းမှ…ဆေးဖိုး အိမ်လစာလေး အဆင်ပြေတာ သား။ ဟုတ် အဖိုး…ရော့ ၈၀၀၀၀ ကျပ်…နှီးဖိုးပါ…
ဟာ…သား ပိုက်ဆံတွေ အများကြီးပိုနေတယ်။ တစည်းကို (၁)သောင်းနဲ့ ဝယ်လိုက်တာပါ အဖိုး။ ဟာ…ဝမ်းသာလိုက်တာ…ဒီနေ့တော့ အိမ်အစောကြီးပြန်ရပြီ…နေ့လည်စာ နဲ့ ညစာ ပေါင်းမစားရတော့ဘူး။
ဗျာ….အဖိုးက ဒါဆို အိမ်ပြန်ရောက်မှ နေ့လည်စာ စားရတာပေါ့။ ဟုတ်တယ် သား…ညနေ အိမ်ပြန်မှပဲ ပေါင်းစားဖြစ်တယ်။
ဟုတ်…ဒါဆို ဒီနေ့ အိမ်အစောကြီးပြန်တော့နော်…ပြီတော့ ဒီနှီးတွေလဲ သား မယူဘူး…ဘေးက ဆိုင်မှာ အပ်ထားခဲ့နော်…နောက်နေ့ အဖိုး ပြန်ရောင်းနော်။ ကျေးဇူးတင်ပါတယ်…ဘာပြောရမှန်း မသိတော့ပါဘူး။
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင် လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုး ကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ…ကျနော်တို့ အပြင်ထွက် မုန့်စားသလောက် ရှိတဲ့ ပိုက်ဆံလေးကို…သက်ရွယ်နဲ့မလိုက်အောင် တနေကုန် ရှာဖွေစားသောက်ရတဲ့ အဖိုးအဖွားတွေ အများကြီးပါလား။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ