ရန်ကုန်မြို့ပေါ်က ပျောက်ဆုံးသွားခဲ့တဲ့ သမိုင်းဝင် ရေကန်ကြီးများ အကြောင်း

ရန်ကုန်မြို့က ပျောက်ဆုံးသွားခဲ့တဲ့ ရေကန်ကြီးတွေရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ သမိုင်းကြောင်းသိရှိသူများလည်း ပြန်လည်မျှဝေပေးပါဦးလို့ ပန်ကြားအပ်ပါတယ် ခင်ဗျာ။

ကန်တော်ကြီး အပြင် ကန်တော်ကလေး ဆိုတာ တကယ်ရှိခဲ့တာပဲ။ ဒါ့အပြင် ဒိုဘီ ကန်လေးလည်း ရှိခဲ့တာ (အခု အောင်ဆန်းကွင်း နေရာ ဖြစ်မယ်။ ကန်တော်ကလေးရော၊ ဒိုဘီ ကန်ငယ် လေး ပါ မြေဖို့ ခဲ့ကြတာပါလား။ အင်းယားလေးကတော့ မျက်စေ့ အောက်မှာ အဖို့ခံနေရပြီ။ အင်းယားကြီး ကလည်း ခိုးဖို့ ကြံနေကြတယ်။ မြန်မာပြည်မှာ Environmental impact ဆိုတာ အခြေခံပညာ မှာထည့်သင်ပေးသင့်ပါပြီ။ (Than Win)

ယခင် ရန်ကုန်မြို့ မြေပုံ (Rangoon Background Map, 1945) မှာ ဖေါ်ပြထားချက်အရ ကန်ဘဲ့ အရပ်ဒေသလို့ ခေါ်တဲ့ နေရာမှာ ရေကန်ကြီး တကန် တည်ရှိနေတာကို တွေ့ရပါတယ်။ ကန်ဘဲ့လမ်းသည်လည်း မိုးကောင်းဘုရား အလွန်မှာ ရှေ့တည့်တည့် သစ္စာလမ်းသို့ ဖေါက်လုပ်ထားတာ မရှိသေးပဲ ဘယ်ဖက်သို့ချိုးပြီး ကန်ဘဲ့ ဘူတာရုံ ရှိတဲ့နေရာသို့ ဖေါက်လုပ်ထားတာကို တွေ့ရပါတယ်။

ရေကန်ရဲ့ အရှေ့ဖက်မှာ စတုရန်းပုံ သဏ္ဍာန် တွေ့ရပြီး ရေကာတာကဲ့သို့ သင်္ကေတ ပြထားတာကို တွေ့ရပါတယ်။ ရေကန်ကနေ ငမိုးရိပ်ချောင်း လက်တက်နဲ့ ဆက်သွယ်နေတာကိုလည်း တွေ့ရပါတယ်။

ဒီရေကန်သည် မိုးရေကို စုပြီး အများပြည်သူအတွက် ရေပေးဝေတာလား၊ ရေစုကန် အဖြစ် အသုံးပြုပြီး ငမိုးရိပ်ချောင်း လက်တက်သို့ ရေပိုလွှဲ အဖြစ် ပေးပို့ပြီး စပါး သီးနှံများအတွက် ရေပေးတာလား စဉ်းစားစရာ ဖြစ်လာတယ်။

အင်ယားကန် နဲ့ ဒီရေကန် ရဲ့ ဆက်စပ်မှုကို မြေပုံမှာ ကြည့်ရှုကြည့်တဲ့အခါ ဖေါက်လုပ် ဆက်သွယ်ထားတဲ့ မြောင်း မတွေ့ရဘူး။ ဆက်စပ်မှု ရှိမယ်လို့တော့ ယူဆပါတယ်။ ဂျိုးဖြူပိုက်လိုင်း ရှိတဲ့နေရာတလျှောက်မှာလည်း ရထားလမ်း တည်ဆောက်ထားတာကို တွေ့ရပါတယ်။

ဒီရေကန် နဲ့ ကန်ဘဲ့ ဆိုတဲ့ အမည်သည် ဆက်နွယ်မှု ရှိနေသလား ဆိုတာ တွေးစရာ ဖြစ်ရပါတယ်။ ဒီရေကန် အကြောင်း သိရှိသူများ ရှိပါက မျှဝေပေးစေလိုပါသည်ခင်ဗျာ။ ကျေးဇူးတင်ပါသည်။ (Aung Ngwe Latt)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page