အစိုးရကြောင့် စက္ကူစုတ် ဖြစ်သွားတဲ့ ဗင်နီဇွဲလား ပိုက်ဆံတွေနဲ့ သင်ခန်းစာ ယူစရာ အဖြစ်အပျက်

ကြက်တစ်ကောင်ကို ၁၄ သန်းကျော် ပေးဝယ်ရပြီး လမ်းပေါ်ကြဲချထားရင်တောင် ကောက်ယူမယ့်သူ မရှိတော့တဲ့ ဗင်နီဇွဲလားငွေကြေး၊ အိုပက်အဖွဲ့လည်းဖြစ် တောင်အမေရိကတိုက်နိင်ငံ မှာ ရေနံကြွယ်ဝဆုံး ဗင်နီဇွဲလားနိင်ငံသည် ငွေကြေးဖောင်းပွမှုနှုန်းမှာ နိင်ငံတကာတွင် ရာခိုင်နူံးအမြင့်ဆုံးဖြစ်နေ စက္ကူ တစ်လိပ်ကိုဗင်နီဇွဲလားငွေကြေး ၂၆သိန်းရှိကြောင်းသိရ။

ငွေကြေးဖေါင်းပွ မှုဟာ အမေရိကန် တစ်ဒေါ်လာကို မှောင်ခိုဈေးကွက်မှာ တစ်ဒေါ်လာ= ၃၈ သန်း VEF ဖြစ်ပါတယ်။ အစိုးရ တရားဝင် ထုတ်ပြန်တဲ့ငွေလဲနုန်း (တစ်ဒေါ်လာကို တသိန်းခုနှစ်သောင်း )1 US = 464,122 VEF၊ ကုန်ဈေးနုန်းတွေမှာ ကြက်တစ်ကောင် ၁၄သန်းခြောက်သိန်း (ဗင်နီဇွဲလားငွေကြေး) အိမ်သာသုံးစက္ကူ ၂သန်းခြောက်သိန်း၊ ခရမ်းချဉ်သီး တစ်ကီလို သိန်းငါးဆယ်။

ပြည်သူတွေက လမ်းဘေးက အမှိုက်လိုက်ကောက်စားနေတဲ့ဘ၀ ရောက်နေပါပြီ။ နိုင်ငံအနှံ့ ဆူပူအုံကြွမူတွေ ဖြစ်နေပါတယ်။ နိုင်ငံအုပ်ချုပ်တဲ့ခေါင်းဆောင်က ခုလိုလူထုအုံကြွမှုတွေဖြစ်ရတာ အမေရိကန် စီးပွားရေး ပိတ်ဆို့မှုကြောင့်၊ ရာသီဥတု မကောင်းလို့ ကိုယ်အသုံးမကျတိုင်း ဘေးလူလက်ညိုးထိုးလွဲချပါတယ်၊ ဥရောပနိုင်ငံ ဘဏ်တွေမှာအပ်နှံထားတဲ့ ရွှေချောင်းတွေကို ပြန်ထုတ်ဖို့တော့ သက်ဆိုရာဘဏ်တွေက ပေးမထုတ်ပါဘူး။ ဗင်နီဇွဲလားနိင်ငံ ငွေကြေးဟာ လမ်းပေါ်မှာ ခုလိုကြဲချထားရင် တောင် ကောက်ယူမယ့်သူ မရှိတော့ ပါဘူး။

ခုနောက်ပိုင်းမှာတော့ဗင်နီဇွဲလားနိုင်ငံ၊ အူရီနာမြို့မှာ ဗင်နီဇွဲလားငွေကြေး ဘိုလီဗာတွေကို သုံးစွဲခြင်းမရှိတော့ဘဲ ကိုလံဘီယာငွေကြေး ပီဆိုတွေကိုသာ သုံးစွဲလာကြတယ်လို့ သိရပါတယ်။ ဗင်နီဇွဲလား-ကိုလံဘီယာနယ်စပ်မြို့ဖြစ်တဲ့ ကူကူတာမြို့မှာ ဗင်နီဇွဲလားငွေစက္ကူတွေကို ပိုက်ဆံအိတ်၊ ခြင်းတောင်း၊ ပန်းအိုး၊ ဌက်၊ ကား၊ ဆိုင်ကယ်အစရှိတဲ့ လက်မှုပစ္စည်းတွေအဖြစ် တီထွင်ဖန်တီးရောင်းချနေတာကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။

“ဘယ်သူမှ ဗင်နီဇွဲလားငွေကြေး (ဘိုလီဗာ)တွေကို မလိုချင်ကြတော့ဘူး။ တစ်ခုခုဝယ်ချင်တယ်ဆိုရင် သူတို့မှာရှိတဲ့ ဘိုလီဗာတွေနဲ့ ဝယ်ဖို့ ပိုက်ဆံကမလောက်ဘူး။ ဒီတော့လူတိုင်းက ကိုလံဘီယာငွေ (ပီဆို)နဲ့ပဲ အရောင်းအဝယ်လုပ်လာကြတယ်။”လို့ လိမ္မော်သီးဖျော်ရည်ရောင်းတဲ့ မာကော့စ်ဗေဂါက ပြောပါတယ်။

“ဒီမှာလိမ္မော်သီးတွေကို ပီဆိုနဲ့ပဲရောင်းတယ်။ သကြားတွေ၊ ခွက်တွေကိုလည်း ပီဆိုနဲ့ပဲရောင်းတယ်။ အားလုံးက ပီဆိုပဲ သုံးတော့တယ်။”လို့ ၎င်းကဆက်ပြောပါတယ်။ “ကိုလံဘီယာမှာအလုပ်လုပ်ရင် တစ်ရက်ကို ပီဆို ၂၀၀၀၀ နဲ့ ၃၀၀၀၀ ကြားရတယ်။ အဲ့ဒီမှာ အလုပ်လုပ်ရင်းရလာတဲ့ ငွေတွေနဲ့ ကိုယ်စားဖို့သောက်ဖို့ ဂျုံ၊ ဆန်၊ သကြား၊ နွားနို့၊ ဆီတွေကို ချက်ချင်းဝယ်နိုင်တယ်။ ဗင်နီဇွဲလားမှာ အလုပ်လုပ်ရင် ရတဲ့ လုပ်ခတစ်ရက်စာက ဆန်တစ်အိတ်တောင် မဝယ်နိုင်ဘူး။”လို့ ဖာနန်ဒို ဆီမန်တာက ပြောပါတယ်။

“ဗင်နီဇွဲလားငွေတွေက ဗင်နီဇွဲလားမှာ သုံးမရတော့ဘူး။ ကိုလံဘီယာမှာတော့ ကျွန်တော်တို့က အဲဒီဗင်နီဇွဲလားငွေတွေကို အိတ်တွေ၊ ခြင်းတွေ၊ ပိုက်ဆံအိတ်တွေ၊ ဌက်ရုပ်တွေလုပ်ပြီး ပြန်ရောင်းတယ်။”လို့ ကိုလံဘီယာမှာ လာရောက်နေထိုင်တဲ့ ဗင်နီဇွဲလားအမျိုးသား ဂျော့ကော်ဒယ်ရိုက ပြောပါတယ်။ (Htun Linn)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page