အလွမ်းရုပ်ရှင်တွေထက် မျက်ရည်ကျဖို့ ပိုကောင်းတဲ့ တကယ့်အဖြစ်အပျက် (ဒီပို့စ်ကို ကလေးမိခင်မြင်ပါစေ)

ဒီပိုစ့်ကို ကလေးအမေ မြင်ပါစေ။ ဒီနေ့ဆိုင်မခင်းရသေးခင် သားအမိ ၂ယောက် နားကပ်လာရောင်းပါတယ်။

နားကပ်က ကလေးနားမှာ ပန်ထားတာ ။ ရောင်းဖို့ဖြုတ်ရော ကလေးက ငိုလိုက်တာမှ ဘယ်လိုမှဖြုတ်မရ ရုန်းကန်နေရော ။ ကျနော်လဲ နောက်ဧည့်သည်တွေလာတော့ သူတို့ဖြုတ်အပြီး မစောင့်တော့ပဲ တခြားလူကို ပြနေလိုက်တယ်။

ခနနေတော့ အာ့ကလေးမသားအမိပြန်သွားရော ။ ဖြုတ်ပေးနေတဲ့ညီလေးကို မေးလိုက်တော့ ကလေးအရမ်းငိုနေလို့ သူ့အမေ မျက်ရည်တွေကျပြီး မရောင်းတော့ဘူးဆိုပြီး ပြန်သွားတာတဲ့ ။ သိသိချင်းလိုက်ရှာတာ မမီ တော့ဘူး။

တခုခုအဆင်မပြေလို့လာရောင်းရတာတောင် သားသမီးငိုတော့ မနေသာတဲ့ မိဘမေတ္တာ အတွက် အာ့ကလေးမကို နားကပ် ရောင်းရငွေ ရမယ့်အတိုင်း ဆုချ ချင်ပါတယ် ။ နားကပ်ကိုလဲ ကလေးဆီမှာပဲ ဆက်ပန်ထားပါ ။ ဒီ ပို့စ်ကို ကလေးအမေတွေ့ရင် ဆိုင်ကို ဘောက်ချာပြန်ယူပြီး လာခဲ့ပါ။

Thein Htet

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page