စုံးစုံးမြုပ်တော့မယ့် မြန်မာပြည် စီးပွားရေးနဲ့ ၈၈ ကထက် ပိုဆင်းရဲသွားနိုင်မယ့် အခြေအနေ
ရေ ရဲ့ဖိအား ဆိုတာ အောက်ရောက်လေ ဖိအားကြီးလေ ပိုမြုပ်လေပဲ။ စုံးစုံးမြုပ်တယ် ဆိုတာ အဲ့ဒါကိုခေါ်တာပေါ့။ စီးပွားရေးဟာလည်း ဆင်းရဲလေ အောက်ရောက်လေ ပြန်တက်ရခက်လေပါပဲ။ အာဖရိကဆို တတိုက်လုံး ရာစုနှစ်ချီ နလံမထူဘူး။
လက်ရှိ နိုင်ငံရဲ့ ငွေကြေး မတည်ငြိမ်ဘူး၊ ဒေါ်လာ၊ ရွှေ ထိုးတက်တယ်၊ မီးမရဘူး၊ ကုန်ထုတ်လုပ်မှု ကျတယ်၊ နိုင်ငံရေးမတည်ငြိမ်ဘူး၊ အားလုံးအကြောင်းစုံတော့ တိုင်းပြည်ဟာ ကုန်းဆင်းမှာလှိမ့်နေတာ အတော်အရှိန်ရလာပြီ။ ဒီလိုအခြေအနေကို reverse လုပ်နိုင်တဲ့ခေါင်းဆောင် အတော်ရှားတယ်။ နိုင်ငံ တနိုင်ငံရဲ့ depression တွေ ပြန်တည့်ဖို့ ဆယ်စုနှစ် ချီပါတယ်။
ရှေ့ကိုမျှော်ကြည့်ရင် ဒီလိုမီးပျက်ပုံမျိုးနဲ့ နွေ နဲ့မိုးမှာ အရာရာ ဈေးတက်မှာပဲ၊ မီးမလာ၊ စက်ဆီနဲ့ထုတ်ရ၊ စက်ဆီဈေးတက်၊ ထုတ်ကုန်ပါလိုက်တက်..
ပြည်သူကတော့ မလိုအပ်တဲ့ နိုင်ငံခြားပစ္စည်းတွေ ကြိုးစား လျော့သုံးပေါ့။ လျော့မသုံးရင် တနိုင်ငံလုံး ၁၉၈၈ အရင်ထက်ပို ဆင်းရဲသွားနိုင်တယ်၊ စီးပွါးရေးအပြင် စစ်ပါတွဲတော့ အဆင်းနှုန်းက အရမ်းမြန်နေတယ်။ ၁၉၈၈ က ကမ္ဘာ့စီးပွားရေးအခြေအနေနဲ့ မြန်မာ၊ ၂၀၂၂ ကမ္ဘာ့စီးပွားရေး အခြေအနေ နဲ့ မြန်မာ မျှခြေ ယှဉ်တွက်ရင် အခု အခြေအနေဟာ နောက်အတော်ဆုတ်သွားတာ တွေ့နိုင်ပါတယ်။
ကိုယ်ဖေါ့ထားနိုင်ဖို့ မလိုတာတွေ ချွတ်ပစ်ပါ၊ မချွတ်ရင် နစ်မှာပဲ.. အပြောင်းအလဲကို လုပ်ရဲမှ၊ ရှေ့မှာက ချောက်..
ကျော်စွာမင်း (ပုဂံ)