ကမ္ဘာ့စီးပွားပျက်ကပ်၊ တန်ဖိုးမရှိတော့တဲ့ကျပ်ငွေနဲ့ မြန်မာပြည်ရဲ့ အိပ်မက်ဆိုး ဖြစ်လာမယ့် ၂၀၂၃ ခုနှစ်

ကမ္ဘာ့စီးပွါးရေး တကယ်ပြဿနာတက်နေပြီ။ စတော့ချ်စျေးကွက်တွေ ဆက်တိုက်ကျလာတယ်။ ဒေါ်လာစျေးအရမ်းမာလာပါတယ်။ တခြားကမ္ဘာသုံးငွေကြေးတွေ ဒေါ်လာကို ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ဘူး။ မိမိနိုင်ငံရဲ့ငွေကြေးအဆမတန် ပြုတ်ကျတော့ ဒေါ်လာကိုဝိုင်းစုလာတယ်။ ဒေါ်လာစျးတက်လာတယ်။

ပေါင်စတာလင် နဲ့ အိန္ဒိယ ရူဘီငွေဟာ ဒေါ်လာကိုယှဉ်ရင် သမိုင်းတလျောက် မှာ အနိမ့်ဆုံးဖြစ်လာတယ်၊ ဂျပန်ယန်းငွေ ယူရို ဟာ အနှစ် ၂၄ နှစ်အတွင်းအနိမ့်ဆုံးဆင်းသွားတယ်။ အိန္ဒိယစတော့ချ်စျေးကွက်ဟာ တရက်အတွင်း ၄၉ ဘီလီယံဒေါ်လာ ဆုံးရှုံးသွားပါတယ်။ လူတွေဟာ စတော့ချ်စျေးကွက်ထဲက ငွေတွေဆွဲထုတ်ပြီး ဒေါ်လာပြောင်းဝယ်ကြတယ်။

ဒီအချက်အလက်တွေဟာ ကမ္ဘာ့စီးပွါးရေးကမောက်ကမ ဖြစ်လာပြီလို့ ပြနေတယ်။ ကမ္ဘာ့စီးပွါးရေးတိုးတက်နှုန်း နှေးလာပြီ လို့ပြပါတယ်။ အင်္ဂလန်နဲ့ ဥရောပ ဟာ သေချာပေါက် စီးပွါးပျက်ကပ်ထဲဝင်လာမယ်။

ဥရောပဟာ ရုရှက ဓါတ်ငွေ့လုံလုံလောက်လောက်ဝယ်မရလို့ လက်ရှိမှာ လမ်းမီးတွေပိတ်၊ စက်ရုံတွေ ဓါတ်ငွေ့လျော့သုံးနဲ့ ရာရှင်စနစ်အသုံးပြုနေရတယ်။

ရုရှ- ယူကရိန်း-စ်ပွဲဆက်ဖြစ်နေရင် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း ဆက်မြှင့်နေရင် သေချာပေါက် စီးပွါးပျက်ကပ်ထဲဝင်မယ်။ လူတွေ ခရီးမသွား၊ အသုံးအဖြုန်းနည်းလို့ ရေနံစျေး ကျသွားမယ်။ ကွန်ပြူတာ ဆက်စပ်လုပ်ငန်းတွေ ခဏ စျေးကွက်ပျက်သွားနိုင်တယ်။ ရွှေ ဒေါ်လာစျေးတက်လာနိုင်တယ်။

ကျွန်တော်တို့ ဘာပြင်ဆင်ထားလဲ။ အစိုးရတွေဟာ အတော် ပြင်ဆင်ထားဖို့လိုမယ်။ အမုန်းတရားတွေ အဆုံးသတ်နိုင်တဲ့ ခေါင်းဆောင်ဖြစ်လာဖို့ လိုမယ်။ စီးပွါးပျက်ကပ်မှာ ကမ္ဘာနဲ့ မြန်မာကြား ဂျမ်းတုံးခုပေးနိုင်တဲ့ စီးပွါးရေးနားလည်တဲ့ leadership ကောင်းကောင်း ဖြစ်ဖို့လိုမယ်။

တည်ငြိမ်မှု အမြန်တည်ဆောက်နိုင်မှု လိုမယ်။ မဟုတ်ရင် ၂၀၂၃ ဟာ မြန်မာအတွက် လေးနှစ်မြောက် အခက်အခဲတွေပြည့်နေတဲ့ နှစ် ဖြစ်လာနိုင်တယ်။ ငြိမ်းချမ်းရေးမတည်ဆောက် နိုင်ရင် စစ်ပြီးခေတ်သမိုင်းမှာ မျိုးဆက်သစ်အတွက် အနာဆုံးနှစ်တွေ အဖြစ် သမိုင်းတင်သွားမယ်။ (Kyaw Swa Min)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page