သက်တမ်းပြည့်သွားတဲ့ သမ္မတကို ရာထူးက မဆင်းဖို့ တနိုင်ငံလုံးက ဝိုင်းတောင်းပန်ရတဲ့ အဖြစ်
အီတလီနိုင်ငံသမ္မတကြီး Sergio Mattarella ဟာ သမ္မတရာထူးမှာ (၇) နှစ်တာဝန်ထမ်းဆောင်ပြီးနောက် နောက်ထပ် သက်တမ်းမတိုးဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် သူ့နေရာကို ဆက်ခံမယ့် နိုင်ငံအတွက် သင့်တော်တဲ့သူကို ရန်ဖြစ်နေတဲ့ပါတီတွေကြားမှာ လူရှာမရခဲ့ပါဘူး။ သမ္မတရာထူးအတွက် ပါလီမန်မှာအကြိမ်ကြိမ် မဲပေးကြရာမှာ (၇) ကြိမ်ရောက်တဲ့အထိ လိုအပ်တဲ့မဲအရေအတွက်မရခဲ့ပါဘူး။
နောက်ဆုံးတော့ အားလုံးတညီတညွတ်တည်း သမ္မတကြီး Sergio Mattarella ကို နောက်ထပ် (၇) နှစ်သက်တမ်းအဖြစ် သမ္မတ တာဝန်ထပ်ယူပေးဖို့ ဝိုင်းတောင်းပန် ခဲ့ကြပါတယ်။
“အီတလီတွေအတွက် အိုးနင်းခွက်နင်းရက်တွေထပ်မရှိသင့်တော့ဘူး” “သမ္မတကြီးအနေနဲ့ တိုင်းပြည် ကောင်းကျိုးအတွက် အနစ်နာခံပေးပါ လို့ ဝန်ကြီးချုပ် Mario Draghi က အားလုံးကိုယ်စားတောင်းပန်ခဲ့ပါတယ်။
သမ္မတကြီးဟာ God Father ရုပ်ရှင်ကားထဲက စစ္စလီကျွန်းသား Sicilian ဖြစ်ပါတယ်။ သမ္မတကြီး Sergio Mattarella ကအရင်ကငြင်းပယ်ထားပြီး အခုအကြောင်းမပြန်သေးပါဘူး။
သမ္မတရာထူးအတွက်ဝင်ပြိုင်ခဲ့တဲ့ ဘီလျံနာ Silvio Berlusconi ကလည်း အောက်ပါအတိုင်းပြောခဲ့ပါတယ်။ သမ္မတကြီး Mattarella ရာထူးသက်တမ်းဆက်ယူပေးခြင်းဟာ ငွေကြေးဈေးကွက်အတွက် အကောင်းဆုံးဖြစ်လိမ့်မယ့် ဆိုခဲ့ပါတယ်။
တိုင်းပြည်တပြည်မှာ ငွေကြေးကဏ္ဍ မပြိုလဲဖို့က အဓိကအသက်ပါ။ တိုင်းပြည်ကို ချစ်ရင် ပြည့်ဝမ်းကို မဖောက်ရပါဘူး။
သမ္မတကြီး Mattarella အနေနဲ့ သမ္မတရာထူးဆက်ယူခဲ့ရင်လည်း (၇) ပြည့်အောင်နေမှာမဟုတ်ပဲ တိုင်းပြည်အတွက်အကောင်းဆုံး လုပ်နိုင်မယ့်သူကို ရှာတွေ့ခဲ့ရင် ၂ နှစ်လောက်နဲ့ နှုတ်ထွက်နိုင်တယ်လို့ မှန်းနေကြပါတယ်။
ကွာပါ့ကွာ။ ကွာဆို … ခွေးရူးခွေးငတ်လို ပြည်ပျက်ရင်ပျက်ပါစေ ငမ်းငမ်းတက်လိုချင်နေတဲ့ အယုတ်တမာမိစ္ဆာမျိုးမှမဟုတ်တာ။
အရှက်ရှိတာနဲ့ မရှိတာကွာတယ်လေ။ လူဆိုတာ အရှက်မရှိရင် ဘာမဆို လုပ်သတဲ့။
Richard Myo Thant