ပြိုင်ဖက် ရုရှားဖိုက်တာကို ပေါက်ကွဲမှုနဲ့ အဆုံးသတ် အနိုင်ယူပစ်မယ်လို့ အောင်လအန်ဆန်း ကြုံးဝါး

ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ပြိုင်ပွဲတွင် ရုရှားဖိုက်တာဘစ်ရှ်ဒက်နှင့်တွေ့ဆုံမှုသည် အကောင်းဆုံးတွေ့ဆုံမှုဖြစ်ပြီး ပေါက်ကွဲမှုဖြင့် အဆုံးသတ်ရန်ပြင်ဆင်ထားသဖြင့် မိမိအနေဖြင့် ဒုတိယအကြိမ်အနိုင်ရဦးမည်ဟု အောင်လအန်ဆန်းက ကြုံးဝါး ပြောကြားလိုက်ပါတယ်။

လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ စင်ကာပူနိုင်ငံ၌ ကျင်းပသွားမယ့် ပြိုင်ပွဲမှာ အောင်လအန်ဆန်းနဲ့ ရုရှား ဖိုက်တာ ဘစ်ရှ်ဒက်တို့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

“ဒီတစ်ကြိမ်နဲ့ဆိုရင်တော့ ဘစ်ရှ်ဒက်နဲ့ ကျွန်တော် ဆုံတွေ့တာ သုံးကြိမ်မြောက်ဖြစ်မှာပေါ့။ ငါးမိနစ် ငါးချီ ကစားခဲ့ရတဲ့ပွဲတွေ ဖြစ်တာကြောင့် ပြိုင်ဘက်လိုမျိုး ၂၅ မိနစ်တိတိ ကြိုး ဝိုင်းထဲမှာ ရင်ဆိုင်ခဲ့ရတာပါ။ အခုတစ်ကြိမ်ဆိုရင် ပိုပြီးပြင်းထန်တဲ့ပြိုင်ဆိုင်မှုကို ပေါက်ကွဲအားအပြည့်နဲ့ ဖြစ်မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ သူဟာ အနိုင်ရဖို့ပဲ အာရုံ စိုက်တတ်တဲ့ ပြိုင်ဘက်ကောင်းတစ်ဦးပါ။ သူ့စိတ်ထဲမှာ သူပိုင်ဆိုင်ခဲ့တဲ့အရာတွေကို ကျွန်တော်က ရယူသွားတာလို့ ထင်ချင်ထင်နေမှာပါပဲ။

တကယ်တော့ ကျွန်တော်တို့ဟာ ပြိုင်ဘက်တွေဆိုတာထက်ပိုတဲ့ ရည်မှန်းချက် ရှိသူတွေဖြစ်ကြပါတယ်။ ဘစ်ရှ်ဒက်ကို ကျွန်တော် ချစ်ပါတယ်။ သူ့မှာ တိကျတဲ့အာရုံစူး စိုက်မှုရှိတယ်။ ဒီတစ်ခေါက် တွေ့ဆုံမှုကို ပြန်ကြည့်ရင်လည်း ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က တူညီပါတယ်။ ဒါဟာ အကောင်းဆုံးတွေ့ဆုံမှုဆိုတာ ငြင်းစရာမရှိပါဘူး။ ပေါက်ကွဲမှုနဲ့ အဆုံးသတ်ပါလိမ့်မယ်။ တတိယကြိမ်မှာလည်း အနိုင်ရဖို့ အာရုံစိုက်ထားပါတယ်” လို့ အောင်လအန်ဆန်းက ပြောကြားလိုက်ပါတယ်။

အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ရှ်ဒက်တို့သည် နှစ်ကြိမ်တွေ့ဆုံခဲ့ကြပြီး တစ်ကြိမ်စီ အနိုင်ရရှိခဲ့ကြပါတယ်။ အောင်လအန်ဆန်က အနိုင်ရခဲ့သော နောက်ဆုံးတွေ့ဆုံမှုတွင် ဘစ်ရှ်ဒက်၏ မစ်ဒယ်ဝိတ်တန်းချန်ပီယံဆုကို လွှဲပြောင်းရယူနိုင်ခဲ့ပြီး အဲဒီပွဲပြီးတဲ့နောက် ပြန်လည်တွေ့ဆုံခဲ့ခြင်း မရှိတော့ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page