ဝမ်းရေးကြောင့် လမ်းပေါ်မှာ ဖျော်ဖြေနေရတဲ့ အာဂအမျိုးသမီးတယောက်ရဲ့ ပွင့်ပွင့်လင်းလင်း ရင်ဖွင်သံ

တတ်တဲ့ ပညာလေးနဲ့ ဖျော်ဖြေရင်း စီးပွါးရှာနေတဲ့ ကလေး ၃ယောက် မိခင်ပါ။ ယောင်္ကျားဆုံးသွားပေမယ့် ကလေးတယောက်ကို ကျောင်းထား၊ ကလေးတယောက်ကို မိဘမဲ့ဂေဟာအပ်ထားရလို့ ပြန်ခေါ်နိုင်ဖို့ ကလေးအငယ်ဆုံးလေးကို စက်ဘီးပေါ်တင်ပြီး ကြိုးစားရုန်းကန်နေတဲ့ အမျိုးသမီးပါ။

အထည်ချုပ်စက်ရုံမှာလည်း အလုပ်လုပ်ခဲ့သလို ၊ တဗန်းကို ၁၂ ကျပ်ပဲရတဲ့ ကျောက်သယ်တဲ့ အလုပ်လည်း လုပ်ခဲ့သူပါ။ မလောက်ငှတဲ့ လုပ်ခလစာကြောင့် ဒီအလုပ်ကို လုပ်ကိုင်ခဲ့တာပါ။

ဒါဟာ လှောင်ပြောင် စော်ကားစရာ မဟုတ်တဲ့ အလုပ်ပါ ။ အဲ့ဒါအပြင် စျေးပေးပြီး အတူအိပ်ဖို့ ခေါ်ရတဲ့ ဆက်စ်ဝေါကာ (ပြည့်တန်ဆာ) လည်း မဟုတ်ပါဘူး။ ဆက်စ်ဝေါကာ (ပြည့်တန်ဆာ) တွေကိုလည်း လေးစားကာကွယ်ရမယ့် လူ့ကျင့်ဝတ်တွေ ရှိကြပါတယ်။ စော်ကားမှုတွေ ရပ်ကြဖို့နဲ့ ဝိုင်းဝန်းကူညီ ကြရအောင်ပါ။

အမျိုးသမီးအချင်းချင်း အားပေးကူညီဖို့ လိုသလို အမျိုးသားတွေကလည်း စောင့်ရှောက်ကူညီကြဖို့ လိုပါတယ်။ ဒီလိုနဲ့ တယောက်ထဲတင် မကဘဲ အမျိုးသမီးတိုင်းကို ကူညီစောင့်ရှောက်တဲ့အလေ့အကျင့်ရပြီး လုံခြုံတဲ့ပတ်ဝန်းကျင်ကို ကျွန်မတို့ ကိုယ်တိုင် တည်ဆောက်နိုင်ပါတယ်။

စော်ကားမှု ပုံစံမျိုးစုံ ကြုံတွေ့နေရပေမယ့် သားသမီးတွေ အတွက် အားတင်း ကြိုးစားနေတဲ့ မစံပယ်လေးကို ကျွန်မ သဘောကျ လေးစားမိလို့ စာအရှည်ကြီး ရေးမိတာပါရှင်။ (Lin Latt Sue)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page