ပဲခူး မိုင်တိုင် ၃၉ သပြေရိပ်နားမှာ ဆိုင်ကယ်ပေါ် ခြင်းတောင်းနဲ့ တင်ပြီးရောင်းနေတဲ့ ငါးရံ့ခြောက်အတုများ
အဲဒီငရံ့ခြောက်လို့ ပြောတဲ့ ငါးခြောက်တွေဟာ ငါးမြစ်ခြင်း၊ ငါးကြင်းခေါင်းပွ၊ ငါးသိုင်းအစ ရှိတဲ့ အဆီဆူဖြိုးတဲ့ ငါးတွေကို ငါးရံ့ခြောက် ခွဲသလို ခွဲပြီး အခြောက်လှမ်းထားတဲ့ ငါးတွေသာ ဖြစ်ပါတယ်။
အခြောက်လှန်းထားတဲ့ ငါးခြောက် ကို ပလတ်စတစ်အိတ်နဲ့ လုံအောင်ထုတ်ပြီး အပြင်က အနံ့ခံကြည့်ရင် အနံ့ မရ ပါဘူး။ အိမ်ရောက်လို့ ပလတ်စတစ်အိတ်ကိုဖွင့်ကြည့်မှ သိနိုင်ပါတယ်။
ငါးရံ့ရဲ့အမြီးနဲ့ ငါးမြစ်ခြင်းရဲ့ အမြီး ဟာ ပုံစံမတူလေတော့ ငါးရဲ့အမြီးကို ဓားနဲ့ခုတ်ပြီး ပုံဖျ က်ထားပါတယ်။ တော်ရုံလူဆိုရင်တော့ ချက်တဲ့ကင်တဲ့အခါ မှ ငါးရံ့မဟုတ်မှန်း သိပါလိမ့်မယ်။ ငါးမြစ်ခြင်းဆို ကံမကောင်းပါက ဝမ်းဗိုက်ခါးတဲ့ အရသာကို ခံစား ရပါလိမ့်မယ်။
ပဲခူး တစ်ဝိုက်ရောက်ရင် ရောင်းရေးဝယ်တာသတိရှိ ရလိမ့်မယ်။
စိုင်းခမ်းညို