နိုင်ငံခြား သွားရင် သယ်သွားလို့ ရမယ့် ဒေါ်လာ ပမာဏနဲ့ ပြန်ယူလာလို့ရမယ့် ပမာဏ

မေး – နိုင်ငံခြားသွားရင် ဒေါ်လာ ဘယ်လောက်သယ်သွားလို့ရသလဲ? ဖြေ – လူတစ်ဦးလျှင် ဒေါ်လာတစ်သောင်း သို့မဟုတ် ၎င်းနှင့်ညီမျှသော နိုင်ငံခြားသုံးငွေ ကို သယ်ဆောင်ခွင့် ရှိပါတယ်။ ၎င်းထက် ပိုလွန်ပါက ကြေညာ (Declare) လုပ်ရန် လိုအပ်ပါတယ်။

မေး – အမေရိကန်ဒေါ်လာ ပြန်ပါလာတာကို လေဆိပ်မှာ ဗဟိုဘဏ်သတ်မှတ်စျေး (၁၈၅၀) နဲ့ မရောင်းမနေရ ရောင်းရပါသလား? ဖြေ – မရောင်းလို့ ရပါတယ်ဗျာ။ ဘဏ်စာရင်းထဲဝင်တဲ့ ဒေါ်လာငွေများအတွက်သာ သတ်မှတ်ချက် ထွက်တာပါ။ လက်ထဲရှိငွေအတွက် မိမိသဘောဆန္ဒအတိုင်းပါ။

ပြည်ပထွက်ခွာ/ဆိုက်ရောက်ရာမှာ နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်များကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ-

(၁) မြန်မာနိုင်ငံသား (သို့မဟုတ်) နိုင်ငံခြားသားများသည် မြန်မာနိုင်ငံမှ ထွက်ခွာရာ၌ အမေရိကန် ဒေါ်လာ ၁၀၀၀၀ ထက်မပိုသည့် မည်သည့် နိုင်ငံခြားငွေ (ငွေသား သို့မဟုတ် ငွေကြေးဆိုင်ရာ စာချုပ်စာတမ်းများ) မဆို ယူဆောင်ခွင့် ရှိပါသည်။ (အကောက်ခွန် ဦးစီးဌာန၏ ရုံးတွင်း ညွှန်ကြားလွှာ အမှတ် ၂၂/၂၀၁၄)

(၂) အမေရိကန်ဒေါ်လာ ၁၀၀၀၀ ထက်ပိုသည့် မည်သည့် နိုင်ငံခြားငွေ (ငွေသား သို့မဟုတ် ငွေကြေးဆိုင်ရာ စာချုပ်စာတမ်းများ) မဆို ယူဆောင်သွားမည် ဆိုပါက မြန်မာနိုင်ငံသို့ ဝင်ရောက်စဉ်က PD Form တွင် မူလကြေညာခဲ့သည့် ငွေကြေးပမာဏအတွင်း အကျုံးဝင်ပါက ခွင့်ပြုပေးလျက် ရှိပါသည်။ (အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်း ညွှန်ကြားလွှာအမှတ် ၂၂/၂၀၁၄)

(၃) မြန်မာနိုင်ငံသို့‌ ခေတ္တဝင်ရောက်လာသည့် နိုင်ငံခြားသားများ အနေဖြင့် ပြန်လည်ထွက်ခွာမည့် အချိန်တွင် ပြန်လည်ယူဆောင်သွားမည့် ခရီးသည်တကိုယ်ရည်သံ့ုး ပစ္စည်းများ၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ၊ နိုင်ငံခြား ငွေကြေးများနှင့် လက်ဝတ်ရတနာများ ပါရှိလာပါက PD Form တွင် ကြေညာစေ၍ ခွင့်ပြုပေးလျက် ရှိပါသည်။

(၄) နိုင်ငံသားနှင့် နိုင်ငံခြားသားများသည် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ထက်ပိုသော မည်သည့်နိုင်ငံခြားငွေ (ငွေသား သို့မဟုတ် ငွေကြေးဆိုင်ရာ စာချုပ်စာတမ်းများ) မဆို ပါရှိလာပါက PD Form တွင် ကြေညာရမည်။ (အကောက်ခွန်ဦးစီးဌာန၏ ရုံးတွင်း ညွှန်ကြားလွှာအမှတ် ၂၂/၂၀၁၄)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page