ဗိုလ်ချုပ်ခင်ညွန့်ရဲ့ ဆင်ဖြူတော်ကို ဒဲ့ဝေဖန်ခဲ့ဖူးတဲ့ ဆရာကြီး ဒေါက်တာသန်းထွန်း

ဗိုလ်ခင်ညွန့် အာဏာ ဇောင်းထနေတဲ့ချိန်က ဆင်ဖြူတကောင်ရတယ် ဆဒ္ဒန်ဆင်မင်း ကြန်အင်နဲ့ ပြည့်စုံတယ်ဆိုပီး နာမည်ပေး ကင်ပွန်းတတ် မင်္ဂလာလုပ်တော့တယ်။

နိုင်ငံခြား အသံလွင့်ဌာနတခုက ဒေါက်တာ သန်းထွန်းကို ဆင်ဖြူနဲ့ ပတ်သက်လို့ အင်တာဗျူးတယ်။ မေး – ဆရာ ဆင်ဖြူ နဲ့ ဆင်မဲ ဘာကွာလဲ။ ဒေါက်တာသန်းထွန်း – တူတူဘဲ လူမှာဆို ခရုသင်း စွဲသလိုပေါ့ မယုံရင် အနင်းခံကြည့် ဆင်ဖြူ နင်းလဲ ‌ေ-မှာ ဆင်မဲ နင်းလဲ ‌ေ-မှာဘဲ။

မေး – ဆင်ဖြူ ရောက်တဲ့ အရပ်မှာ မိုးလေဝသ ကောင်းတယ် ဆိုတာ ဟုတ်ပါသလား။ ဒေါက်တာသန်းထွန်း သဲကန္တာရထဲ သွားထား ကြည့်လေ။ မိုးရွာမလား။ မေး – ဆင်ဖြူ ရှိရင် ဆန်ရေစပါး ပေါတယ် ဆိုတာ ဟုတ်ပါသလား။ ဒေါက်တာသန်းထွန်း – ကိုယ်စိုက်မှ ကိုယ်စားရမှာလေ ဆင်ဖြူ ရှိလို့ ပေါမှာဘဲ ဆိုပြီး မစိုက်ဘဲနေလေ အကုန် ငတ်‌ေ-မှာပေါ့။

မေး – ဆင်ဖြူနဲ့ စစ်တိုက်ရင် နိုင်တယ် ယူဆ ကြတယ် အဲဒါ ဟုတ်ပါသလား။ ဒေါက်တာသန်းထွန်း – ခုခေတ်က air power ခေတ်လေ။ ဆင်နဲ့ တိုက်ရင် အကုန် မာလကီးမှာပေါ့။ မေး – ခု မြန်မာနိုင်ငံမှာ ဆင်ဖြူ နာမည်ပေးပြီး နံ့သာရေ နဝရတ်ကိုးပါးရေ နဲ့ဖြန်းပြီး ဆင်ကို ရှစ်ခိုးပါတယ် ဆရာဘယ်လို မြင်ပါသလဲ။

ဒေါက်တာသန်းထွန်း – ဆင်ဆိုတာ တိရစ္ဆာန်ပဲလေ တိရစ္ဆာန် ရှိခိုးရင် တိရစ္ဆာန်တဲ့။ နိမ့်ကျတဲ့လူ ဖြစ်သွားပြီလေ။ ဒီမှာတင် ပွဲသိမ်းပါတယ်။ ဒေါက်တာသန်းထွန်း စာမူမှန်သမျှ ထုတ်ဝေခွင့် ပိတ်လိုက်ပါတော့တယ်။ အမှန်တရားကို မကွယ်မဝှက် လိုရင်း တိုရှင်း ပြောတတ်တဲ့ ကျနော့် ဆရာပါ (Thein Myint)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page