တနေကုန် နေပူထဲ ရေခဲထုပ် လှည့်ရောင်းမှ ငွေ (၄၀၀၀) ပဲ ရရှာတဲ့ အဖိုး
အိမ်အပြန်…မိသားစု အတွက် ဆန်နဲ့ဆီ ဝယ်လို့ရပြီ
ကားပြင်ရင်း…ရေခဲထုပ်…ရေခဲထုပ်ဆိုပြီ အော်သံလေးကြားမိ၊ အဖိုး တယောက်…စက်ဘီးလေး နဲ့ ရောင်းနေတော့ အဖိုးရေ…လာပါအုံး…ရေခဲထုပ် ဘယ်လိုရောင်းလဲ ဗျ။
တထုပ် – ၂၀၀ ကျပ်ပါ သားရယ်။ ဘယ်နှထုပ်ရှိလဲ အဖိုး။ ၂၀ လောက်တော့ ရှိမယ် သား။ ဒါဆို အကုန်ယူမယ်ဗျာ…workshop က ညီကိုတွေလဲ အမောပြေ စားရအောင် အကုန်ယူမယ်…
ဟာ… ဝမ်းသာလိုက်တာ…နေပူထဲ လျှောက် မသွားရတော့ဘူး။ အားလုံး ဘယ်လောက်လဲ အဖိုး။ ၃၈၀၀ ကျပ် ပါ သား။ ရော့ အဖိုး ၃၀၀၀၀ ကျပ် နော်။
ဟာ သား ပိုက်ဆံတွေ ပိုနေတယ်… အကြွေ မပါဘူးလား။ ပိုနေတာလား…ပိုနေရင် အဖိုး သိမ်းထားလိုက်ပါနော်။ ကျေးဇူးတင်လိုက်တာ…အပြန် မိသားစုတွက် ဆန် နဲ့ ဆီ ဝယ်လို့ရပြီ။ ဟုတ် အဖိုး…လိုတာ သုံးပါနော်
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ…ကျနော်တို့ မနက် လက်ဖက်ရည်ဆိုင်ထိုင်ပြီ စားရင်းတောင် ခုထပ်မက ရှင်းရတဲ့ ပိုက်ဆံလေးက…စျေးရောင်းရှာဖွေရတဲ့ အဖိုးအဖွားတွေအတွက်ကျ…တကယ် လိုအပ်နေတဲ့ အရာလေး ဖြစ်နေတယ်။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ