သားကျေးဇူးကြောင့် အဖွား ထမင်းပြန်စားနိုင်ပြီလို့ ဆိုတဲ့ အသက် (၈၈) နှစ်အဖွားနဲ့ (၇၇) နှစ် အဖိုး

အဖွား ထမင်း ပြန်စားနိုင်တာ…သား ကျေးဇူးကြောင့်ပါ

အဖိုး အသက် (၇၇)နှစ် အဖွား အသက် (၈၈)နှစ်၊ အဖိုး နှင့် အဖွား ကျနော့်ကို အမြဲ သတိတရနှင့် (၁)ရက်ခြား ဖုန်းဆက်ရှာတယ်

ဒီနေ့ အဖိုး နှင့် အဖွားအတွက်…ဒီလ ထမင်းဖိုးနှင့် ဆေးဖိုးလေး (၂) သိန်း သွားပေးဖြစ်တယ်။ အဖိုးက များလိုက်တာ သားရယ်…အဖိုးတို့ကို မပစ်ထားနဲ့နော်

သားက အဖိုးနှင့်အဖွားတွက် ဘုရားကပေးတဲ့ သားတယောက်ရလိုက်သလိုပဲ သားရယ်။ အဖွားကတော့…ငါ့သားလေး လာတာ ဝမ်းသာလိုက်တာ။

သား ကျေးဇူးကြောင့် အဖွား ထမင်းပြန်စားနိုင်တာ (အရင်က မုန့်ပဲစားနိုင်တာ… ဂလူဆားနား သောက်လိုက်တော့မှ အစာ ပြန်ဝင်တယ်)

အဖိုးက အဖွားမှာ ဂလူဆားနား ကုန်နေပြီ။ သား ရောက်လာတော့ အဖိုး ဝယ်ပေးလို့ရပြီ…ကျေးဇူးတင်လိုက်တာ သားရယ်…မကြာ မကြာလာနော်။ ဟုတ် အဖိုးနှင့်အဖွား…အဖိုးနှင့်အဖွားက ကျနော် အဖိုးအဖွားပါပဲ

(ကျနော်တို့နှင့်အတူ ပူပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးနှင့်အဖွား ကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)

ဪ…အဖိုးနှင့်အဖွား အရင်ကဆို ဘယ်လောက်အထီးကျန်နေလိုက်မလဲ…ခုဆို တရက်ခြား ဖုန်းဆက်ပြီ ဂရုစိုက်မေးတာလေးက ကျနော့်တွက် အဖိုးအဖွား အစားရလိုက်သလိုပါပဲ ဗျာ

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page