ရုတ်တရက် ပြန်ကျသွားတဲ့ ရွှေနဲ့ ဒေါ်လာကို ကိုင်ထားရမလား၊ လွှတ်လိုက်ရမလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ

လွန်ခဲ့တဲ့ ၃ ရက်အတွင်း မနားတမ်းတက်ခဲ့တဲ့ ရွှေဈေးဟာ ဩဂုတ်လ ၃၁ ရက်နေ့မှာ ၃၈ သိန်းအထိ ရောက်ရှိခဲ့ပြီး ယနေ့ စက်တင်ဘာ ၁ ရက်နေ့မှာတော့ ဝရုန်းသုန်းကား ပြန်ပြုတ်ကျကာ နေ့လယ်ပိုင်းမှာ ၃၄ သိန်းနဲ့ ညနေဈေးပိတ်ချိန်မှာ ၃၁ သိန်း ဝန်းကျင်သာ ရှိခဲ့တယ်လို့ သိရပါတယ်။

စက်သုံးဆီဈေး ကျဆင်းရေးအတွက် ဒေါ်လာသန်း ၂၀၀ ကျော်ကို လေထဲကတဆင့် ရောင်းချမယ်ဆိုတဲ့ ဗဟိုဘဏ် ကြေညာချက် လကုန်မှာ ထွက်လာပြီးနောက်မှာ အဆမတန်တက်နေတဲ့ ဒေါ်လာဈေးလည်း ပြန်ပြုတ်ကျခဲ့ပါတယ်။

လက်ရှိအချိန်မှာ ရွှေဈေးနဲ့ ဒေါ်လာဈေးတို့ မတည်ငြိမ်ကြဘဲ အနိမ့်အမြင့်အပြောင်းအလဲ အများအပြား ပြောင်းလဲနေပြီး ဈေးကွက် မတည်မငြိမ်ဖြစ်နေကာ ကြိုက်ရောင်း ကြိုက်ဝယ် အနေအထားမျိုး ဖြစ်နေပါတယ်။ ရွှေဆိုင် အများအပြားနဲ့ ငွေလဲ ကောင်တာများလည်း ပိတ်ထားလျက်ရှိပြီး ဈေးကွက် ၂ ခုလုံး အရောင်းပိတ်ထားတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ပြည်သူများကြားမှာလည်း လက်ထဲကိုင်ထားတဲ့ ရွှေနဲ့ ဒေါ်လာတွေကို ဆက်လက်ကိုင်ထားရမှာလား၊ လွှတ်လိုက်ရမလား ဝေခွဲမရ ဖြစ်ကာ ဝေဝါးထွေပြားလျက်ရှိနေပါတယ်။ ခန့်မှန်းချက်များ ထုတ်ပြန်လေ့ ရှိတဲ့ ဈေးကွက်ကျွမ်းကျင်သူများလည်း ဆက်လက်လေ့လာလျက် ရှိနေပြီး ယတိပြတ် မပြောနိုင်သေးတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ရွှေနဲ့ ဒေါ်လာဈေးရဲ့ ရှေ့ဆက်ဖြစ်မယ့် အလားအလာနဲ့ ပတ်သက်ပြီး ဈေးကွက်ပညာရှင်တဦးရဲ့ သုံးသပ်ချက်ကို ဆက်လက် ဖော်ပြပေးလိုက်ပါတယ်။

ရွှေဈေး၊ ဒေါ်လာဈေးက အကျဖက် (retracement) ပြန်ဝင်နေတာပါ။ သာမာန်လူတွေ ကြောက်ပြီး ရောင်းကြလိမ့်မယ်။ မမီလိုက်တဲ့လူတွေ ဖမ်းသာဝယ်ထား။ ဒါခဏပဲ ရွှေ ၂၉ ,၃၀ ဝန်းကျင် ဒေါ်လာ ၃၃၀၀ ,၃၅၀၀ ဝန်းကျင် Long time အောင်းနိုင်တဲ့ သူတွေတွက်ပါ။ ရွှင်လန်း ချမ်းမြေ့ကျပါစေ အမျိုးတို့။ (Soe Min)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page