အာရှဆာမူရိုင်းတွေရဲ့ ခြေရင်းမှာ ဝပ်ဆင်းသွားခဲ့ရတဲ့ ဂျာမန်ဘီလူးကြီးများ

ယနေ့ညမှာ ယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဂျာမနီနဲ့ ဂျပန်ပွဲစဉ်မှာတော့ မထင်မှတ်ထားတဲ့ ရလဒ်အနေနဲ့ ဂျပန်က ဂျာမနီကို ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့ ဂျာမနီအသင်းဟာ အာရှတိုက်က ဂျပန်အသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဘောလုံးပွဲ ရလဒ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက် အသုံးပြုသူတဦးက ယခုလို ရေးသားထားပါတယ်-

“နောက်ထပ် upset ပွဲကြီးပါပဲ။ အာရှတိုက်က ဂျပန်တို့ ၂၀၁၄ ကမ္ဘာ့ချန်ပီယံဂျာမနီကို အံ့ဖွယ်အနိုင်ရခဲ့ပြန်ပါပြီ။ ပထမပိုင်းမှာ လူဟောင်းအများစု သုံးခဲ့ပြီး ခံစစ်သာ ကစားနေရတဲ့ ဂျပန်ဟာ ဒုတိယပိုင်းမှာ ဂျာမနီ ဘွန်ဒက်လီဂါမှာ ကစားနေတဲ့ ကစားသမားတွေကို လူစားလဲခဲ့ပြီး သူတို့ကပဲ ခြေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းသွားတာပါ။

ပွဲစဉ် အစအဆုံး ဖိကစားနေတဲ့ ဂျာမနီနဲ့ နည်းပြဟန်ဆီဖလစ်တို့အတွကိတော့ စိတ်ပျက်စရာပါပဲ။ ဂျာမနီဟာ ကမ္ဘာ့ဖလား ၂ ခုဆက်တိုက် အာရှအသင်းတွေဖြစ်တဲ့ တောငိကိုရီးယားနဲ့ ဂျပန်ကို ရှုံးနိမ့်ခဲ့ရပါပြီ။ စိတ်ဓာတ်ကောင်းကောင်းနဲ့ ကြိုးစားတတ်တဲ့ ဂျပန်တို့အတွက်တော့ အံ့ဖွယ်နိုင်ပွဲရရှိခဲ့တာပါပဲ။ အာရှရဲ့ ဂုဏ်ကို ထပ်မံဆောင်နိုင်ခဲ့ကြပါပြီ။” (Nay Thway)

ယမန်နေ့ကလည်း ကမ္ဘာ့ထိပ်သီးအသင်းတသင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းကို အာရှအသင်းတသင်း ဖြစ်တဲ့ ဆော်ဒီအာရေးဗျ အသင်းက အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ အာရှမြေမှာ ဒုတိယအကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာရှအသင်းတွေအနေနဲ့ အရှိန်အဟုန်နဲ့ တိုးတက်လာပြီလားဆိုတောကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page