အတိတ်မေ့သူတွေရဲ့ အပျော်ည (သို့) အတုအယောင် ပျော်ပွဲရွှင်ပွဲတွေမှာ ပျော်ဝင်နေကြသူများ
ယနေ့ နှစ်သစ်ကူးညမှာ ရန်ကုန်မြို့ရဲ့ တချို့အထင်ကရ နေရာတွေမှာ စကစက ပျော်ပွဲရွှင်ပွဲတွေကို ဇွတ်စီစဉ်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ပြည်သူ့ရင်ပြင် ဥယျာဉ်မှာ စတုဒီသာ အပါအဝင် ရှိုးပွဲတွေ ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရန်ကုန်နေ ပြည်သူအများစုဟာ အထင်ကရ နေရာတွေကို မသွားကြဘဲ မိမိအိမ်ကနေပဲ နှစ်သစ်ကို ကြိုဆိုခဲ့တာကို တွေ့ရပါတယ်။
စကစက ယနေ့တရက်တည်း ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို ပယ်ဖျက်ပေးခဲ့ပေမယ့် လူတွေကတော့ လမ်းပေါ်ထွက်မလာတာကို တွေ့ရပါတယ်။
အတိတ်မေ့နေတဲ့ လူတချို့ကသာ အတုအယောင် ပျော်ပွဲရွှင်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေတာကို တွေ့ခဲ့ရပါတယ်။ ပြည်သူ့ရင်ပြင်ပွဲမှာလည်း စကစက အသွားအပြန် အကြိုအပို့ လုပ်ထားတဲ့ လူတစုသာ ကခုန်နေကြတာကို တွေ့ရှိရပါတယ်။
ရင်ထဲက မပါတဲ့ ပျော်ပွဲရွှင်ပွဲ လုပ်ပွဲတွေကို တကယ်ပျော်ရဲ့လားလို့ မေးခွန်းထုတ်ချင်ပါတယ်။ ၂၀၂၃ ခုနှစ်ဟာ မြန်မာပြည်အတွက် ခက်ခဲကြမ်းတမ်းတဲ့ နှစ်ဖြစ်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ယခု ပျော်နေတဲ့ သူတွေကလည်း ၂၀၂၃ မှာ တကယ် ပျော်နိုင်မလားဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။