ကမ္ဘာ့အကြီးဆုံး အင်ပါယာကြီး ဖြစ်ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားရတဲ့ အကြောင်းရင်း
ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် အမေရိကန်နည်းတူ စူပါအင်အားကြီးနိုင်ငံဖြစ်လာတဲ့ ဆိုဗီယက်ပြည်ထောင်စုဟာ သမ္မတ မင်ခေးဂေါ်ဘာချော့လက်ထက် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ၂၆ရက်နေ့မှာ စတင်ပြိုကွဲသွားခဲ့ပါတယ်။ အဲဒီအချိန်က ကမ္ဘာလူဦးရေ တတိယအများဆုံးဖြစ်ပြီး လူထုအင်အားကိုအခြေတည်ကာ အဆင့်ဆင့်ဖွံဖြိုးလာတဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ အဆုံးသတ်က အမေရိကန်နဲ့ စစ်အေးတိုက်ပွဲကို အဆုံးသက်စေခဲ့တာပါ။
အမေရိကန်နည်းတူ နျူးကလိယလက်နက်ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာအင်အားကြီးနိင်ငံဖြစ်လာတဲ့ ဆိုဗီယက်ပြည်ထောင်စုဟာ ၁၉၄၉ ခုနှစ် ကနေ ၁၉၉၀ခုနှစ် အထိ ဥရောပတိုက်တစ်ခုလုံးကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ ၁၉၉၁မှာတော့ နိုင်ငံ၁၅နိုင်ငံအထိ ခွဲထွက်ခွင့်ပေးခဲ့ရပြီး နာမည်ကျော်ဆိုဗီယက်ယူနီယံဟာ ပြိုလဲခဲ့ရပါတယ်။
ဆိုဗီယက်ပြည်ထောင်စုဟာ ၁၉၁၇ခုနှစ် အောက်တိုဘာတော်လှန်ရေးက စတင် ကာ တစ်ညီတစ်ညွတ်တည်း ပေါင်းစည်းခဲ့ကြတာဖြစ်ပြီး ခေါင်းဆောင်ကြီးစတာလင်ကနေ စတင်ကာ မင်ခေးဂေါ်ဘာချော့အထိ အုပ်ချုပ်ခဲ့တာဖြစ်ြ့ပီး အဲဒီတုန်းက ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံများဟာ ၁။ရုရှား ၂။အာမေနီးယား ၃။တာမင်နစ်စတန် ၄။ကာဂျစ်စတန် ၅။ကာဂျစ်စီယာ ၆။လက်ဗီးယား ၇။မော်ဒေးဗီးယား ၈။အဇာဘိုင်ဂျန်၉။လစ်သူရေးနီးယား ၁၀။ဂျော်ဂျီယာ ၁၁။ယူကရိန်း ၁၂။ကာဇက်စတန် ၁၃။ဥဇဘက်ကစ္စတန် ၁၄။ဆိုင်လိုဂို ၁၅။အက်တိုးနီးယားစတဲ့ ယနေ့ ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင် နိုင်ငံတွေ ပါဝင်ခဲ့တာပါ။
၁၉၁၇ခုနှစ်မှာ ရုရှားနိုင်ငံဟာ ကွန်မြူနစ်စနစ်နဲ့ စတင်အုပ်ချုုပ်ခဲ့ပါတယ်။ဇာဘုရင်ရဲ့ ပဒေသရာဇ်ခေတ်ကို ပစ်ပယ်ပြီး နိုင်ငံတော်အာဏာကို ရယူခဲ့တဲ့ ဆိုဗီယက်ကွန်မြူနစ်ပါတီဟာ ဆိုဗီယက်တွေကို ၇၂ နှစ်ကြာ အုပ်ချုုပ်ခဲ့တာပါ။ ကွန်မြူနစ်တွေဟာ ဗဟိုချုပ်ကိုင်ရေးစနစ်တွေနဲ့ သာ အုပ်ချုပ်ခဲ့တာဖြစ်ပြီး ပြည်ထောင်စုမှာ ပါဝင်တဲ့သမ္မတနိုင်ငံတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားပေမယ့် နိုင်ငံရေးအမြတ်ထုတ်မှုများစွာရှိနြေ့ပီး နိုင်ငံတော်အာဏာဟာ မော်စကို မှာသာရှိတဲ့အတွက် လူမျိုးစုတွေအကြား မကြေမလည်ရှိလာရပါတယ်။
ဆိုဗီယက်တွေနဲ့ ရည်ရွယ်ချက်ချင်းတူတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းတွေရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံရေးအားပြိုင်မှူတွေ ရှိလာခဲ့ပါတယ်။ဒါအပြင် ဆိုဗီယက်ပြည်ထောင်စုရဲ့ သြဇာကို ဖီဆန်နေတဲ့ ဟန်ဂေရီနဲ့ ချက်နိုင်ငံတွေအပေါ် စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းခဲ့တာကြောင့် အခြားဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံတွေအတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးကို မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။တစ်ဖက်ကလည်း အမေရိကန်ပြည်ထောင်စုနဲ့ ယှဉ်ပြိုင်နေရတဲ့ ဆိုဗီယက်တွေဟာ ၁၉၅၃ခုနှစ်မှာ နျူကလိယားလက်နက်ကို တီထွင်နိုင်ခဲ့ပြီး ၁၉၅၇ခုနှစ်မှာဂြိုလ်တုတစ်လုံးကို အောင်မြင်စွာလွှတ်တင် နိုင်ခဲ့ပါတယ်။
ဒါအပြင် ကျူဘားအရေးကိစ္စမှာလည်း အမေရိကန်နဲ့ ထိပ်တိုက်တွေဆုံခဲ့ပြီး နောက်ဆုံးမှာ အလျော့ပေးခဲ့ရပါတယ်။ ကျူဘားကို ဆိုဗီယက်ကတင်ပို့မယ့် ဒုံးကျည်သဘောၤနဲ့ စပ်လျဉ်းပြီး အမေရိကန်နဲ့ နျူးကလီးယားစစ်ပွဲ ဖြစ်ရမဲ့အရေးနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။နောက်ဆုံးမှာ အဲဒီတုန်းက ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ ဦးသန့်ရဲ့ကြားဝင်စေ့စပ်ပေးမှူကြောင့် အဆင်ပြေသွားခဲ့ပါတယ်။ဒါပေမယ့် ဆိုဗီယက်ပြည်ထောင်စုပြည်တွင်းမှာတော့ အဲဒီတုန်းကဆိုဗီယက်ပြည်ထောင်စုရဲ့သမ္မတ ခရူးရှက်ဟာ အမေရိကန်ရဲ့ သဘောထားအတိုင်းဆောင်ရွက်တယ်လို့ ယူဆခြင်းခံခဲ့ပြီး နောက်ဆုံးရာထူးကနေ နှုက်ထွက်ခဲ့ရတဲ့အထိဖြစ်လာခဲ့ပါတယ်။သူနေရာမှာ လီယိုနက်ဘရက်ဇညက် က သမ္မတဖြစ်လာခဲ့ပါတယ်။
၁၉၇၂ခုနှစ် မေလမှာတော့ အမေရိကန်သမ္မတနယ်ဆင်ဟာ ထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဆိုဗီယက်နိုင်ငံကို ရောက်ရှိလာပြီး လီယိုနက်ဘရပ်ဇညက်နဲ့ သွားရောက်တွေဆုံကာ ငြိမ်းချမ်းစွာအတူယှဉ်တွဲရေးကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်က ဗီယက်နမ်စစ်ပွဲကာလအတွင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက ဆိုဗီယက်နိုင်ငံရဲ့ မဟာမိတ်မြောက်ဗီယက်နမ်ကို တိုက်ခိုက်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုသဘောတူညီမှူတွေရရှိတာဟာ သူတို့နှစ်နိုင်ငံကြား ၂၅နှစ်ကျော်ကြာအောင် ဖြစ်ပွားနေတဲ့စစ်အေးတိုက်ပွဲကို အဆုံးသတ်ဖို့လမ်းစဖြစ်လာခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုနောက်ပိုင်း နှစ်နိုင်ငံလက်နက်လျော့ချရေး စီမံချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပြီး မြေပြင်အခြေစိုက် တိုက်ချင်းပစ်ဒုံးကျည်တွေ၊ ဒုံးခွင်းဒုံး၊တွေကို အကန့်အသက်နဲ့သာ ထားရှိဖို့နဲ့ ရေငုပ်သဘောၤကပစ်တဲ့ ဒုံးလက်နက်တွေကို ဖျက်ဆီးပစ်ဖို့သဘောတူခဲ့ကြပါတယ်။ ၁၉၇၃ခုနှစ်မှာ ဆိုဗီယက်သမ္မတ ဘရက်ဇညက် အမေရိကန်ကိုသွားရောက်ခဲ့ပြီး နောက်ထပ်ကျန်တဲ့ လက်နက်တွေနဲ့ ပတ်သတ်ပြီး ဆက်လက်ဆွေးနွေးခဲ့ကြပါတယ်။နောက်နှစ်မှာလည်းအမေရိကန် သမ္မတနယ်ဆင်ကိုယ်တိုင် မော်စကို ကို သွားရောက်ဆွေးနွေးခဲ့ပေမယ့် ကျန်လက်နက်တွေ ကန့်သက်ရေးအတွက် တိကျတဲ့ သဘောတူညီမှုတွေ ရရှိခြင်းတော့မရှိခဲ့ပါဘူး။
ဒါတွေဟာ အမေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ စစ်အေးတိုက်ပွဲ အားပြိုင်မှုတွေဖြစ်ပါတယ်။
တနည်းအားဖြင့်ဒီမိုကရေစီနဲ့ ကွန်ပြူနစ်စနစ်တို့ရဲ့အားပြိုင်မှုတွေဖြစ်ပြီး စစ်အေးတိုက်ပွဲရဲ့ အပြင်းထန်ဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်။ နျူးကလီးယားလက်နက်ပိုင်ဆိုင်သူတွေဖြစ်တာကြောင့်လည်း တစ်ကမ္ဘာလုံးကစောင့်ကြည့်နေခဲ့ရတာပါ။ စစ်ရေး နိုင်ငံရေး ကဏ္ဍစုံမှာအပြိုင်အဆိုင်ဖြစ်လာပြီး သူတို့နိုင်ငံတွေရဲ့ ထောက်လှမ်းရေးအဖွဲ့တွေဖြစ်တဲ့ CIA နဲ့ KGB တို့ဟာ အလွန်အလုပ်များခဲ့ရပါတယ်။ ဒါပေမယ့် စီးပွားရေးနဲ့ တစ်ကမ္ဘာလုံးကို သြဇာအာဏာဖြန့်ကျက်မှုမှာတော့ အမေရိကန်ဟာ ဆိုဗီယက်ထက် နှာတစ်ဖျားသာလွန်ခဲ့ပါတယ်။
ယခင်တည်းက အမျိုးသားလွတ်လပ်ရေးအတွက် ကန့်သတ်ခြင်းခံထားရတဲ့ ဆိုဗီယက်ပြည်ထောင်စုဝင်နိုင်ငံတွေရဲ့ မကြေလည်မှုကို ကောင်းကောင်းသဘောပေါက်တဲ့ အမေရိကန်ပြည်ထောင်စုဟာ သူရဲ့ CIA (ထောက်လှမ်းရေးအဖွဲ့)အများအပြားကို ယင်းနယ်မြေထဲကိုစိမ့်ဝင်စေကာ ဆိုဗီယက်ပြည်ထောင်စုရဲ့ပြည်တွင်းရေးရူပ်ထွေးအောင် လုပ်ပါတော့တယ်။ အဲလိုနေရာမျိုးစုံ နယ်ပယ်မျိုးစုံကဖိအားတွေကြောင့် ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲစေဖို့အကြောင်းဖန်လာခဲ့တာပါ။
၁၉၉၁ခုနှစ် အရောက်မှာတော့ ကွန်မြူနစ်စနစ်နဲ့ ဆိုဗီယက်ပြည်ထောင်စုကို ၇၂နှစ် ကြာအောင်အုပ်ချုပ်ခဲ့တဲ့ ်ကွန်မြူနစ်ပါတီရဲ့ ဗဟိုဦးစီးမှူစနစ် အင်အားချည်နဲ့လာပြီး ပြိုကွဲတော့မယ့်အချိန်ကာလကို ရောက်ရှိလာပါတော့တယ်။ ထူးထူးခြားခြားပဲ ကွန်မြူနစ်စနစ်နဲ့ အုပ်စိုးမှူဟာ ၇၂နှစ်ကြာမြင့်ခဲ့ပြီးနောက် ၇၂နာရီအတွင်းပြိုလဲရပါတော့တယ်။ (၁၉.၈.၁၉၉၁)တနလာၤနေ့မှာတော့ ဆိုဗီယက်ကွန်မြူနစ်ပါတီအတွင်း ဘော်ရှီဗစ်ပါတီဝင်တွေက စတင်ပြီးအာဏာသိမ်းပါတော့တယ်။ သူတို့ရဲ့ အကြောင်းပြချက်ကတော့ သမ္မတ မင်ခေးဂေါ်ဘာချော့ ပက်ထရယ်စရိုက်ခေါ် ပြုပြင်ရေးဝါဒဟာ ဆိုဗီယက်ပြည်ထောင်စုကိုပျက်ဆီးခြင်းကို ဦးတည်နေခဲ့လို့ပါတဲ့။
ဒါကြောင့်နိုင်ငံတော်အာဏာကို ဆိုဗီယက်အရေးပေါ်စီမံကွပ်ကဲမှူကော်မတီက ထိန်းချုပ်လိုက်ပြီဖြစ်တဲ့အကြောင်း ကမ္ဘာကိုကြေငြာခဲ့ပါတယ်။ ဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယသမ္မတ ဂနာဒီယာနာ့ ကသမ္မတရဲ့ အာဏာအရပ်ရပ်ကို လွဲပြောင်းရယူခဲ့တာပါ။ ဆိုဗီယက်ပြည်ထောင်စုအတွင်းမှာလည်း ၁၉.၈.၁၉၉၁ မှစတင်ပြီး အရေးပေါ်အခြေအနေအမိန့်တစ်ရပ်ကို ကြေငြာခဲ့တာပါ။ ဒီအာဏာသိမ်းဖြစ်စဉ်မှာ ဆိုဗီယက်အစိုးရထိပ်တန်းပုဂ္ဂိုလ် (၈)ဦးအထိပါဝင်ခဲ့ပါတယ်။
သူတို့ဟာ ကြေငြာချက်ကို ဆိုဗီယက်ပြသူတွေလိုက်နာရန် ရုရှားပါလီမန်အဆောက်အအုံ ၊ ကွန်မြူနစ်ပါတီရုံးစိုက်တဲ့ ကရင်မလင်နန်းတော်အပါအဝင် မော်စကိုမြို့ရဲ့အထင်ကရနေရာတော်တော်များများမှာ လက်နက်မျိုးစုံတပ်ဆင်ထားတဲ့ ဆိုဗီယက်တပ်တွေကို ချထားခဲ့ကာ ပြည်သူလူထု လူစုလူဝေးနဲ့ လှုပ်ရှားမရအောင် စီမံခဲ့ပါတယ်။ဒါအပြင်ခရိုမိုင်းနီးယားကို ရောက်နေတဲ့ သမ္မတဂေါ်ဘာချော့ကိုလည်း အကျယ်ချုပ်ချထားခဲ့ပါတယ်။
မကြာခင်မှာပဲထောင်သောင်းချီတဲ့ ဆိုဗီယက်ပြည်သူတွေဟာ လမ်းပေါ်ထွက်လာပြီး အာဏာသိမ်းအဖွဲ့ကိုဆန့်ကျင်ခဲ့ကြပါတယ်။ ဒီအချိန်မှာဆိုဗီယက်ပြည်နယ်ခွဲတစ်ခုဖြစ်တဲ့ ရုရှားသမ္မတဘော်ဘီယော့ဆင်ကဲ့သို့ လူထုခေါင်းဆောင်တစ်ဦးပေါ်ပေါက်လာခဲ့ပြီး သူဟာရုရှားပါလီမန်အဆောက်အအုံမှာ အာဏာဖီဆန်ရေးဌာနချုပ်ဖွင့်ပြီး အာဏာသိမ်းအဖွဲကိုပြင်းထန်စွာဆန့်ကျင်ခဲ့ပါတယ်။ ဒီအာဏာသိမ်းဖြစ်စဉ်ဟာ တစ်ကမ္ဘာလုံးကိုရိုက်ခတ်မှူဖြစ်စေပြီး အထူးသဖြင့် နျူးကလီးယားလက်နက် လျို့ဝှက်ထိန်းချုပ်ရေးစကားဝှက်တွေ အကြမ်းဖက်သမားများဆီရောက်ရှိပြီး မလိုလားအပ်တဲ့အကြောင်းအရာတွေဖြစ်စေနိုင်တာကြောင့် အလွန်ဆိုးရွားတဲ့ အခြေနေတစ်ရပ်ဖြစ်ခဲ့တာပါ။
ကမ္ဘာစီးပွားရေးကိုပါရိုက်ခတ်မှူတွေရှိလာခဲ့ပြီး စကော့ဈေးကွက်ကျဆင်းသွားကာ ဒေါ်လာတန်ဖိုးထိုးတက်သွားခဲ့ပါတယ်။ ဒါကြောင့် အဲဒီအချိန်တုန်းက အမေရိကန်သမ္မတဂျော့ဘုရှ်အပါအဝင် ကမ္ဘာထိပ်တန်းခေါင်းဆောင်အတော်များများက ဒီအာဏာသိမ်းမှုကို ရှုံချခဲ့ကြပါတယ်။ဆိုဗီယက်ပြည်သူ သောင်းပေါင်းများစွာဟာ နေ့ရောညပါ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်တဲ့ဘော်ဘီယော့ဆင်ကို လူထုထောက်ခံမှူများပြားလာခဲ့ပါတယ်။
(၂၁.၈.၁၉၉၁)မှာတော့ ဘော်ဘီရော့ဆင်က လက်နက်ကိုင်အဖွဲ့အားလုံး မိမိလက်အောက်တွင်ရောက်ရှိပြီးဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။ ထို့နောက်အာဏာသိမ်းခေါင်းဆောင်(၇)ဦးကို မော်စကိုအကျဉ်းထောင်တွင်ဖမ်းဆီးထားခဲ့ပါတယ်။ ကျန်တစ်ဦးဖြစ်တဲ့ပြည်ထဲရေးဝန်ကြီး ဘောရစ်ပူဂိုကတော့ မိမိကိုယ်ကိုမိမိသေနတ်နဲ့ပစ်သက်ပြီး အဆုံးစီရင်သွားခဲ့ပါတယ်။ ဒါကြောင့် အာဏာသိမ်းခေါင်းဆောင်တွေရဲ့ လှူပ်ရှားမှူဟာ(၃)ရက်အတွင်း ချုပ်ငြိမ်းခဲ့ရပါတယ်။
ဆိုဗီယက်ကွန်မြူနစ်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်အချို့ဟာ ဒီအာဏာသိမ်းဖြစ်စဉ်ကို တားမြစ်ခဲ့ခြင်းမရှိတာကြောင့်ပြည်သူလူထုကများစွာ ဒေါသထွက်ခဲ့ကြတယ်။ ပါတီထိပ်တန်းပုဂ္ဂိုလ်တွေအကြား ကျေလည်မှူမရှိတာကြောင့်လည်း ပါတီရဲ့အထွေထွေအတွင်းရေးမှူးချုပ် မင်ခေးဂေါ်ဘာချော့က ရာထူးကနူတ်ထွက်ကြောင်းကြေငြာခဲ့ပြီး ဗဟိုကော်မတီနဲ့ ပါတီရဲ့အာဏာပိုင် အဖွဲ့အစည်း အရပ်ရပ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေငြာခဲ့ရပါတော့တယ်။
နောက်ဆုံးမှာတော့ ၆.၉.၁၉၉၁ မှာ ကျင်းပတဲ့ ဆိုဗီယက်ပြည်သူလွတ်တော်ချုပ်အစည်းအဝေးကနေ ဆိုဗီယက်ပြည်ထောင်စုမှ သီးခြားအချုပ်အခြာအာဏာပိုင် ၁၅နိုင်ငံအဖြစ် ခွဲထွက်ဖွဲစည်းရန် အဆိုကို ထောက်ခံမဲ (၁၆၉၄)မဲ ကန့်ကွက်မဲ(၂၄)မဲနဲ့အတည်ပြုခဲ့ပြီး နောက်ဆိုဗီယက်ပြည်ထောင်စုဟာ ကမ္ဘာမြေပုံပေါ်ကနေ ပျောက်ကွယ်သွားရပါတော့တယ်။
ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲပြီးနောက် ထွက်ပေါ်လာသော နိုင်ငံများ (၁) အာမေနီးယား (၂) အဇာဘိုင်ဂျန် (၃) ဘီလာရု (၄) အက်စ်တိုးနီးယား၊ (၅) ဂျော်ဂျီယာ၊ (၆) ကာဇက်စတန် (၇) ကာဂျစ်စတန် (၈) လတ်ဗီးယား (၉) လစ်သူရေးနီးယား (၁၀) မော်လ်ဒိုဗာ (၁၁) ရုရှား (၁၂) တာဂျစ်ကစ္စတန် (၁၃) တပ်ခ်မင်နစ္စတန် (၁၄) ယူကရိန်း (၁၅) ဥဇဘက်ကစ္စတန်
ရေးသားသူ – အောင်ကောင်းထက်(GAD)