သိန်း ၃၀ အလွန် နှစ်ဘူတာ အထိ ဖြစ်မယ့် မြန်မာ့ရွှေဈေး ဘယ်လောက်အထိ ထပ်တက်ဦးမှာလဲ

ရွှေဈေး သိန်း ၃၀ ဆိုတာတကယ် အမြင့်ဆုံးလား၊ မြန်မာကျပ်ငွေတန်ဖိုးဟာ ယုံကြည်မှု လိုအပ်တာထက် ပိုမို ပျောက်ဆုံး နေတာကြောင့် ယနေ့လူတိုင်း လက်ထဲမှာထားရင် ရှုံးမှန်းသိနေကြပါပြီ။

အမေရိကန်ဒေါ်လာကို လိုအပ်တာထက် စုဆောင်းငွေအဖြစ် ပြည်သူလူထုက ဝိုင်းဝယ်ကြတော့ ဈေးကွက်မှာ အမေရိကန်ဒေါ်လာ ရှားပါမှုဖြစ်စေပါတယ်။ ထိုအရာကလည်း မြန်မာကဲ့သို့ နိုင်ငံရေးမတည်ငြိမ်တဲ့ နိုင်ငံတွေ ဖြစ်လေ့ဖြစ်ထရှိတာ အဆန်းတော့ မဟုတ်ပါဘူး။

အဓိက ပြောချင်တာက ရွှေ ဆိုတာ ကမ္ဘာနဲ့ ချိတ်ထားတယ့် တန်ဖိုးကြီး သတ္တုတခုပါ။ ထိုသတ္တု တန်ဖိုးကြီးရချင်းကလည်း တကမ္ဘာလုံးက ဒီသတ္တုကို ရှားပါးပြီး အကန့်သတ်ဖြင့်သာ ရရှိနိုင်တယ်လို့ ယူဆသောကြောင့် ကမ္ဘာလုံးဆိုင်ရာ စုဆောင်းမှုပစ္စည်းအဖြစ် အစိုးရတွေက စုထားကြပါတယ်။

ယခု ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စကို ၁၇၄၅ အမေရိကန်ဒေါ်လာ မှာပါ။ မြန်မာ့ရွှေဈေးကတော့ သိန်း၃၀ နားကပ်နေပါတယ်။ တကယ်တော့ ကမ္ဘာရွှေဈေးဟာ ဖေဖော်ဝါရီလက အမြင့်ဆုံး အချိန်ဈေး တအောင်စ ၂၀၈၀ အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် ဒေါ်လာ ၃၀၀ လောက်ကျနေပါတယ် ရာနှုန်းအားဖြစ် ၁၅℅ ပါ။

အမေရိကန်က ငွေကြေးဖောင်းပွမှုကို ယာယီထိန်းချုပ်ချင်းအားဖြင့် အတိုးနှုန်းတွေ မြှင့်လိုက်မှု အပေါ်မှာ ရွှေကို ရင်းနှီးမြုပ်နှံမှု ယာယီထိခိုက်စေတာကြောင့် ယခုလို ရွှေဈေး ပြန်လည်ကျဆင်းနေခြင်းပါ။

ဒါပေမယ့် ကမ္ဘာ့စီးပွား ပျက်ကပ်ဖြစ်ဖို့ ဝင်နေတာရယ်၊ ပထဝီနိုင်ငံရေး အရ ထိုင်ဝမ်တရုတ် ပဋိပက္ခ အရှိန်မြင့်မှုရယ်၊ ပုံမှန် ငွေကြေးဖောင်းပွမှု ဖြစ်တည်မှုရယ်ကြည့်ရင် သိပ်မကြာတယ့်အချိန်မှာ တအောင်စ အမေရိကန်ဒေါ်လာ ၂၀၀၀၀ နှုန်းကို ပြန်ရောက်နိုင်မယ်လို့ ရင်းနှီးမြုပ်နှံသူတွေက ခန့်မှန်းကြပါတယ်။

ခုမြန်မာက ငွေကြေးဖောင်းပွမှုနှုန်းနဲ့ဆိုရင် အမေရိကန်ဒေါ်လာ ၂၀၀၀ ကမ္ဘာ့ရွှေဈေးမှာ မြန်မာ့ရွှေ ၃၅ သိန်းပေါက်သွားမှာပါ။ အဲ့တော့ ရွှေဈေးကျနိုင်မလား ဆွေးနွေးပေးပါဦး (Travel with Min Wai)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page