အလွန်အစွမ်းထက်တဲ့ တရုတ်ဟက်ကာနည်းပညာကို အမေရိကန်ပညာရှင်များ ဖော်ထုတ်တွေ့ရှိခဲ့
တရုတ်ရဲ့အစွမ်းသိပ်ထက်တဲ့ ဟက်ကာလုပ်တဲ့နည်းစနစ်ကို အမေရိကန် ထောက်လှန်းတွေ့ရှိခဲ့ပါတယ်။
ဒီကောင်ပေါ်တာ ၁၀ နှစ်ရှိနေပြီဖြစ်ပေမယ့် လူတွေမရိပ်မိအောင် တရုတ်တို့က သိုသိုသိပ်သိပ်နဲ့ လျိုထားခဲ့တယ်လို့ ဆိုင်မာတက်ဗိုင်းရပ်တိုက်တဲ့ဆော့ဝဲလ်ကုမ္ပဏီက ဆိုပါတယ်။
တရုတ်ဟာ အဲဒီနည်းပညာသုံးက အာရှနဲ့ အာဖရိကတိုက်က ထိပ်တန်းကုမ္ပဏီကြီးတွေရဲ့အချက်အလက်တွေကို ခိုးယူခဲ့ပါသတဲ့။ (Francis Zin)
သတင်းအပြည့်အစုံကို အောက်မှာ ဖော်ပြလိုက်ပါတယ်-
အမေရိကန် ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ Symantec နှင့် လုံခြုံရေးသုတေသီများက ဆယ်စုနှစ်တစ်ခုကျော်ကြာ တည်ရှိနေခဲ့တဲ့ အလွန်ခေတ်မီသော ဟက်ကာ ပရိုဂရမ် တခုကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ပရိုဂရမ်ကို တရုတ်နိုင်ငံက ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါ တွေ့ရှိမှုကို အမေရိကန်အစိုးရနဲ့ ပြည်ပက လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီများကို အသိပေး အကြောင်းကြားခဲ့ပါတယ်။ Daxin လို့ အမည်ရတဲ့ အဆိုပါ ဟက်ကာ ပရိုဂရမ်အကြောင်းကို တနင်္လာနေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ယင်းဟက်ကာ ပရိုဂရမ်နဲ့ ပတ်သက်လို့ ဝါရှင်တန်မှာရှိတဲ့ တရုတ်သံရုံးက မှတ်ချက်မပေးခဲ့ပါဘူး။ တရုတ်နိုင်ငံဟာ ဟက်ကာများရဲ့ ပစ်မှတ်ထား ဦးတည်ရာဖြစ်ပြီး ဆိုက်ဘာတိုက်ခိုက်မှု မှန်သမျှကို ဆန့်ကျင်တယ်လို့ တရုတ် အရာရှိများက ယခင်က ပြောကြားထားပါတယ်။
ဟက်ကာပရိုဂရမ်ကို သွင်းထားတဲ့ ကွန်ပျူတာကို ကမ္ဘာ့ဘယ်နေရာကမဆို လှမ်းပြီး ထိန်းချုပ်နိုင်တယ်လို့ သိရပါတယ်။ ဒီလို ပရိုဂရမ်မျိုးကို အရင်က မမြင်ဘူးကြောင်း၊ သေသေချာချာ လေ့လာရမှာ ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက မှတ်ချက်ပေးပါတယ်။ Dixan ပရိုဂရမ်ရဲ့ တိုက်ခိုက်မှုကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလက စတင် သတိပြုမိခဲ့တာ ဖြစ်ပါတယ်။
အာဖရိကနဲ့ အာရှတိုက်က အစိုးရမဟုတ်တဲ့ ထိပ်တန်းကုမ္ပဏီကြီး အတော်များများရဲ့ အချက်အလက်တွေကို အဆိုပါ ပရိုဂရမ် အသုံးပြုပြီး ဟက်ကာတွေက ခိုးယူခဲ့တယ်လို့ သိရပါတယ်။