ကမ္ဘာမှာ မြန်မာဟေ့လို့တောင် မအော်ရဲတော့ဘဲ မြန်မာနိုင်ငံသားဖြစ်ရတာ နောင်တရတော့မယ့် အဖြစ်

မနေ့က မြို့ထဲရောက်ဖြစ်တော့ ချမ်းချမ်းစီးစီး ဆောင်းတွင်းကြီးမှာ လမ်းဘေးအိပ်နေတဲ့ အိမ်ယာမဲ့ တယောက်ကို တွေ့မိလိုက်တယ်။ ဆက်စပ်တွေးတောရတာ ဝါသနာပါသူမလို့ အတွေးတခုက ခေါင်းထဲကို ရုတ်တရက် ဝင်လာမိတယ်။

သူ့ကို ရေမိုးချိုး၊ အဝတ်အစားသပ်သပ်ရပ်ရပ် ဆင်၊ ပိုက်ဆံအလုံအလောက် ပေးပြီး ကမ္ဘာတပတ် ခရီးထွက်ခိုင်းလိုက်မယ် ဆိုပါစို့။ သူ့ နည်းတူ ကျွန်တော်လဲ ပိုက်ဆံ ပမာဏ အတူတူယူပြီး ခရီးထွက်ပါမယ်။ ဒါဆိုရင် ဘယ်လိုဖြစ်နိုင်မလဲ။

သေချာတာတော့ သူ့ရဲ့ Australia Passport (ဩစတြေးလျ ပတ်စ်ပို့) ဟာ နိုင်ငံအတော်များများကို Visa လျှောက်ထားစရာမလိုဘဲ ဝင်ခွင့်ရလိမ့်မယ်။ ကျွန်တော်လား။ Visa တွေ တသီကြီးလျှောက်ရမှာ မေးနေစရာကို မလိုပါဘူး။ ပါခဲ့ရင်တောင် တချို့နိုင်ငံတွေမှာ စစ်ဆေးမေးမြန်းခံ၊ ကံမကောင်းရင် ဝင်ခွင့်တောင် ငြင်းဆိုပါလိမ့် ဦးမယ်။

နောက်ပြီး နိုင်ငံတခုခုမှာ မတော်တဆ ဒုက္ခရောက်ရင် သူကတော့ Australia (ဩစတြေးလျ) သံရုံး ပြေးလိုက်ရုံပါဘဲ။ ကျွန်တော်ကတော့ ဘယ်ဆီဘယ်ဝယ် ပြေးရမလဲတောင် သိမှာ မဟုတ်ဘူးရယ်။

ဒီလို ပြောလို့ အိမ်ယာမဲ့တယောက်ရဲ့ ဘဝဟာ ကောင်းတယ်လို့ မဆိုလိုသလို Australia (ဩစတြေးလျ) နိုင်ငံသား ခံယူဖို့လဲ ပြောနေတာ မဟုတ်ပါဘူး။ နိုင်ငံပျက်စီးသွားလဲ ဘာအရေးလဲ။ ငါတို့က ကလေးတွေကို နိုင်ငံခြားပို့မှာလို့ ပြောနေကြသူတွေ သဘောပေါက် နားလည်မိစေချင်လို့ပါ။ (Nay Myo Nwe)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page