နတ်ပြည်တရက်က လူ့ပြည် နှစ်(၁၀၀) ဆိုရင် နတ်ပြည် တစက္ကန့်ဆို လူ့ပြည်မှာ ဘယ်လောက်ကြာမလဲ
တာဝတိံသာ (၁) ရက် လူ့ပြည် နှစ် (၁၀၀) ရှိသတဲ့။ အဲဒါကို အခြေခံပြီး ဘယ်နှစ်ဆနဲ့ မြှောက်ရမလဲ တွက်ကြည့်နေတာ။
(က) တာဝတိံသာ (၁) ရက်။ လူ့ပြည် နှစ် (၁၀၀) လပေါင်း (၁၂၀၀) (ခ) လူ့ပြည် လပေါင်း (၁၂၀၀)ကိုတည်, ရက်ပေါင်း (၃၀) နဲ့ မြှောက်။ (၃၆၀၀၀) ရမယ်။ ဒါဆိုရင် ရက်, ရက်ချင်း ဆနှုန်းကို တွက်လို့ရပြီ။ နတ်, လူ ကွာဟချက်, အဆပေါင်း (၃၆,၀၀၀) လို့ ဆိုလိုမယ်။
နတ်ပြည် တစ်စက္ကန့်ဟာလည်း အဆပေါင်း (၃၆,၀၀၀) ဖြစ်ရမှာပဲ။ (က) နတ်ပြည် တစ်စက္ကန့်စာ လူ့ပြည် စက္ကန့်ပေါင်း (၃၆၀၀၀) ကို တည်။ မိနစ်ရအောင် စက္ကန့် (၆၀) နဲ့ စား။ (၆၀၀) မိနစ် ရမယ်။ (ခ) နာရီရအောင် မိနစ် (၆၀) နဲ့ ထပ်စားလိုက်တော့ (၁၀) ရတယ်။ ဆိုရင် နတ်တစ်စက္ကန့်ဆိုတာ လူ့ပြည် (၁၀) နာရီ ကြာမှာပဲ။
ဥပုသ် တစ်ပတ်စာ တွက်ကြည့်ရရင် (က) တစ်ပတ်ကို (၁၆၈) နာရီ ရမယ်။ နတ်စက္ကန့်ရအောင် (၁၀) နဲ့ စားလိုက်တော့ (၁၇) စက္ကန့် ရတာပဲ။ ရက် (၃၀) တစ်လနှုန်း တွက်ကြည့်ဦး။ (က) တစ်ရက် (၂၄) နာရီကို (၃၀) နဲ့ မြှောက်။ (၇၂၀) ရမယ်။ (ခ) (၁၀) နာရီတိုင်းမှာ တစ်စက္ကန့်ဆိုတော့ (၇၂) စက္ကန့်ဟာ (၁) လပဲ။ လူ့ပြည် တစ်လဟာ တာဝတိံသာ နတ်သက်အနေနဲ့တွက်ရင် (၁) မိနစ်နဲ့ (၁၂) စက္ကန့် ရှိမယ်။ (ဂ) နှစ်ကာလ ရအောင် (၁၂) နဲ့ မြှောက်။ လူ့ပြည် တစ်နှစ်ဟာ တာဝတိံသာနတ်သက်အနေနဲ့ (၁၄) မိနစ်, (၄၀) စက္ကန့် ရှိပါလိမ့်မယ်။
ဘာရယ် မဟုတ်ဘူး။ တွက်ထားတာ။ လူ့ပြည်မှာ စက္ကန့်နဲ့အမျှ အရေးကြီးနေတဲ့အချိန် ကယ်မမယ့် သိကြားမင်းက တစ်စက္ကန့်စာလောက် တုန့်ဆိုင်းသွားတာနဲ့ လူ့ပြည်မှာ (၁၀) နာရီစာလောက် ဖရိုဖရဲ ဖြစ်သွားနိုင်တဲ့အကြောင်း။ (Uvi Mala)