ဝန်ထမ်းတွေအပေါ် အမြတ်ထုတ်နေတဲ့ ရွှေဆိုင်ပိုင်ရှင် ခရိုနီတွေရဲ့ အကြောင်းကို ဖွင့်ချလိုက်ပြီ

မင်းက ခရိုနီသူဌေးတွေ အပေါ် ဘာလို့ -ဲနေရတာလဲ လာမေးတော့ လူမဆန်တဲ့ ပြိတ္တာတွေ ဖြစ်နေလို့ပြန်ဖြေမိတယ်။ ဥပမာ ရွှေဆိုင်ဝန်ထမ်းတယောက်ဟာ ရွှေစျေး ၁၁ သိန်းမှာလည်း လစာ ၂ သိန်း။ ဒါပေမဲ့ သူယုတ်မာတွေက တာဝန်ယူမှု တာဝန်ခံမှု ပိုများတဲ့ ပျောက်ရင် ရွှေဆိုင် တဆိုင်လုံး အကုန်စုပေါင်းလျှော်ရတဲ့ ရွှေစျေး ၂၆ သိန်း ၈ သောင်း ဖြစ်သွားရင်လည်း ဝန်ထမ်းလစာက မတိုးပေးပဲ ပျောက်ရင်သာ တက်နေတဲ့ ရွှေတန်ဖိုးအတိုင်း ပြန်လျှော်ရတာ။

လူတဦးဟာ ၁၁ သိန်းတန် ပစ္စည်းတခုကို အရောင်းအဝယ်လုပ်ပေးလို့ လစာ ၂ သိန်းရတယ်ဆိုရင် ၂၆ သိန်းတန် ပစ္စည်းတခုကို အရောင်းအဝယ် လုပ်ပေးရတယ်ဆိုရင် လစာ အနည်းဆုံး ၄ သိန်းဖြစ်ရမှာ။ ခသတစ တွေက အရောင်းအဝယ် တကျပ်သား လုပ်တိုင်း အမြတ်ငွေ ၅၀၀၀၀ ရအောင် ရွှေဆိုင်ဝန်ထမ်းတွေကို လူမိုက်ငှါး ငွေရှာခိုင်းပေမဲ့ လုပ်ခလစာကျတော့ တခြားလုပ်ငန်းတွေ အခြေအနေမကောင်းတာကို အခွင့်ကောင်းယူပြီး လုပ်ငန်းမတူတာကို မပြောပဲ လစာကို ချိုးနှိမ် လုပ်စားအမြတ်ထုတ်နေကြတာ။

ဝန်ထမ်းတွေ လစာဟာ ပွဲစားတွေလို အချိန်အခါအလိုက် ပြောင်းနေရမှာ။ အိမ်ခြံမြေကား တည့်ရင် ပွဲခကို တည့်တဲ့ တန်ဖိုး ငွေပမာဏအပေါ် တွက်ယူကြတာ။ ဒီလိုပဲ ရွှေဆိုင်ပိုင်ရှင်တွေကလည်း သူတို့ အမြတ်ရဖို့အတွက် စျေးအဆများစွာကို အလျှော့အတွက် ဆိုပြီး ရွှေဆိုင်ဝန်ထမ်းတွေကို လိမ်ခိုင်းပြီး အမြတ်ကြီးစား လုပ်နေကြတာ။

ဒီတော့ ရွှေဆိုင်ဝန်ထမ်းတွေရဲ့ အခြေခံလစာ ၂ သိန်းက အခုအခြေအနေနဲ့ဆို အနည်းဆုံး ၄ သိန်း။ တချို့ ရွှေဆိုင်မှာ နှစ်ချီကြာလုပ်ပေးနေလို့ သူဌေးတွေအတွက် သိန်းပေါင်း သိန်းချီ အမြတ်ရှာပေးနေတဲ့ အရင်လစာ ၁၀ သိန်းရတဲ့ ဝန်ထမ်းတွေဆို အခုချိန်မှာ သိန်း ၂၀ ပေးသင့်တာ။

အခုတော့ ခသတစတွေက သူတို့ ချမ်းသာအောင် လုပ်ပေးနေတဲ့ ပန်းထိမ်ဆရာတွေ ဝန်ထမ်းတွေအပေါ်မှာလည်း လူလည်ကျ အမြတ်ထုတ် လုပ်ခလစာအပေါ်မှာ ခေါင်းပုံြ-တ်နေလို့ကို ခရိုနီသူယုတ်တွေအပေါ် -ဲနေမိတာ။ (Aung Kyaw Oo)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page