ဂြိုလ်သားနဲ့ တူအောင် ပြုပြင်ခဲ့တဲ့ လူထူးဆန်း စကားပြောဖို့ အခက်တွေ့နေ

ဂြိုလ်သားနဲ့ တူအောင် ပြုပြင်ခဲ့တဲ့ လူထူးဆန်း စကားပြောဖို့ အခက်တွေ့နေ

ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲဖို့အတွက် အလွန်အမင်းစိတ်အားထက်သန်သူတစ်ဦးဟာ ထိတ်လန့်ဖွယ်ရာကောင်းတဲ့ ပြုပြင်မှုတွေကို ပြုလုပ်ပြီးနောက် စကားပြောဆိုဖို့ အခက်တွေ့နေပြိဖြစ်ပါတယ်။ နှာခေါင်း နဲ့ နှုတ်ခမ်းတွေကို ဖယ်ရှား ပြုပြင်ခဲ့ပြီးနောက်မှာ ထိတ်လန့်စရာမျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း စကားပြောဆိုဖို့ အခက်အခဲရှိနေတယ်လို့ ကိုယ်တိုင်ဝန်ခံခဲ့တာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ အန်တိုနီ လော်ဖရက်ဒို ဆိုသူဟာ သူ့ရဲ့ခန္ဓာကိုယ်ကို ပြောင်းလဲမှုတွေပြုလုပ်ထားသလို အလုံး တွေလည်း ထည့်သွင်းထားခဲ့ကာ လျှာကိုလည်း ခွဲစိတ်ထားခဲ့ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဦးခေါင်းနဲ့ မျက်နှာတစ်ခုလုံးကိုလည်း တက်တူးတွေထိုးကာ ဖုံးအုပ်ထားခဲ့ပြီးနောက် အနက်ရောင်ဂြိုလ်သားဆိုတဲ့ နာမည်ပြောင်ကို ရရှိခဲ့ပါတယ်။

ဒီနောက်မှာတော့ သူဟာ အပေါ်နှုတ်ခမ်း နဲ့ နှာခေါင်းတွေကို ဖယ်ရှားပစ်ခဲ့ပြီး ပိုမိုထိတ်လန့်ဖွယ်ရာကောင်းတဲ့ ပုံစံကို ရယူခဲ့ပါတယ်။ ဒီအတွက် နောက်ဆက်တွဲအဖြစ်ကတော့ စကားပြောဆိုဖို့ အခက်တွေ့လာခဲ့တာဖြစ်တယ်လို့ အင်စတာဂရမ်မှာ လိုက်ဖ် ပြုလုပ်ခဲ့တဲ့ အမေးအဖြေကဏ္ဍမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

မျက်နှာနဲ့ ဦးခေါင်းတွေမှာ အလုံးတွေ ထည့်သွင်းပြီး အဖုအထစ်တွေဖြစ်အောင် ဖန်တီးထားတဲ့ လော်ဖရက်ဒိုဟာ ပြင်သစ်နိုင်ငံသားဖြစ်ပြီး ခန္ဓာကိုယ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲခဲ့မှုတွေကြောင့် နာမည်ကျော်ခဲ့သူဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း တက်တူးရေးဆွဲထားသူဖြစ်ကာ နားရွက်တွေကို ဖြတ်တောက်ပစ်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေထဲက ဂြိုလ်သားတွေရဲ့ ပုံစံအတိုင်း ဖြစ်တည်နေခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း ဂြိုလ်သားတဦးနဲ့ တူညီချင်တယ်လို့ ဝန်ခံ ပြောဆိုခဲ့ဖူးပြီး လူငယ်ဘဝမှာကတည်းက ဒီလိုတွေလုပ်ဖို့ စိတ်အား ထက်သန်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ပြုပြင်ပြောင်းလဲခဲ့မှုကို Black Alien Project လို့ နာမည်ပေးခဲ့ပြီး တဖြည်းဖြည်းနဲ့ ဖန်တီးရယူခဲ့ကာ နောက်ဆုံးအနေနဲ့ နှာခေါင်းနဲ့ နှုတ်ခမ်းတွေကို ဖယ်ရှားပစ်ခဲ့တာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page