ပြင်ဦးလွင်မြို့မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တဲ့ အီတလီလူမျိုး ဘုန်းတော်ကြီး ဦးလောကနာထ
အီတလီလူမျိုး ဘုန်းတော်ကြီး ဦးလောကနာထအကြောင်းကို ကြားဖူးကြပါလိမ့်မည်။
ယခုဓါတ်ပုံမှာ အမေရိကသို့ ၁၉၄၈ ခုနှစ် သာသနာပြုကြွစဥ် ရိုက်ထားသော ပုံဖြစ်ပြီး သူ့လက်ထဲ၌ မြန်မာ့လွယ်အိတ်ကလေးပွေ့ထားသည်ကို သတိထားနိုင်ပါသည်။
နယူးယောက် ဘရွတ်ကလင်းတွင် အီတလီမိသားစုတစ်ခုမှ ကြီးပြင်းခဲ့ပြီး၊ ငယ်စဥ်ကပင် ကြင်နာတတ်သူတစ်ဦး ဖြစ်လေသည်။ ဆေးကျောင်းတက်ခဲ့သော်လည်း အကောင်ငယ်ကလေးများ သတ်ရမည် စိုးသောကြောင့်၊ ဆေးကျောင်းထွက်ကာ ဓါတုဗေဒဘာသာရပ်ဖြင့်သာ ဘွဲ့ရခဲ့ပြီး၊ ဓါတုဗေဒပညာရှင်ဘဝမှ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့သူဖြစ်လေသည်။
ဗုဒ္ဓဘာသာဘုန်းကြီးဘဝဖြင့် အီတလီနိုင်ငံမှ အိန္ဒိယအထိ မိုင်ပေါင်း ၅၀၀၀ ကျော်ကို ခြေလျင်ကြွခဲ့သည့်ခရီးကလည်း ထင်ရှားသော မှတ်တမ်းတစ်ခုဖြစ်ပါသည်။ ၁၉၆၆ ခုနှစ်၌ မြန်မာနိုင်ငံ ပြင်ဦးလွင်မြို့တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။
စိတ်ဝင်စားစရာတွေ ပြည့်နေတဲ့ ဦးလောကနာထ ဘဝအကြောင်းကို ကြုံကြိုက်ရင် ဖတ်ကြည့်ကြပါ။
ကိုးကား – Philip Deslippe ၏ From Catholic to Chemist to Buddhist Missionary ဆောင်းပါးမှ၊ ရှေးဟောင်းပုံရိပ် ဓါတ်ပုံလေးတစ်ပုံကိုတွေ့မိ၍ မျှဝေခြင်းသာဖြစ်ပါသည်။ (Thitsar)