မြန်မာပြည်လို ကာကွယ်ဆေး မြန်မြန် မရလို့ ထိုင်းစစ်အစိုးရကို ပြည်သူများ အပြစ်တင်နေ

မြန်မာပြည်လို ကာကွယ်ဆေး မြန်မြန် မရလို့ ထိုင်းစစ်အစိုးရကို ပြည်သူများ အပြစ်တင်နေ

လူ ၁၉ သန်းကို ပထမအသုတ်မှာ ထိုးပေးမယ်ပြောပေမယ့် timeline ကို တိတိပပ ချမပြနိုင်သေးလို့ ထိုင်းပြည်သူတွေက စစ်အစိုးရကို စိတ်ပျက်နေကြပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်မှာ Astrazeneca ဆေးအလုံးရေ ၅၀,၀၀၀ နဲ့စထိုးကာ၊ မေလရောက်မှ ဆေး ၁၅၀,၀၀၀ ပဲ ရပါမတဲ့။

မြန်မာဟာ Astrazeneca ဆေးကိုပဲ အိန္ဒိယကျေးဇူးနဲ့ အလုံးရေ ၁,၅၀၀,၀၀၀ လက်ဝယ်ရထားပြီး၊ မှာထားတဲ့ ဆေးအလုံးရေ သန်း (၃၀) ဟာ လစဉ်ဆက်တိုက်ရလာဖို့ ရှိနေပါတယ်။ ဒါ့အပြင် Covax Facilities နဲ့ အခြားအလှူရှင်နိုင်ငံတွေကလည်း မကြာခင် ရသွားဖို့ ရှိနေပါတယ်။ ဒီအကြိမ်မှာတော့ မြန်မာအစိုးရဟာ ထိုင်းထက်အပြတ်အသတ် စီမံခန့်ခွဲမှုမှာ အသာစီးရခဲ့လေပြီ။

ကိုယ်တွေသိပ်တော်နေတာထက် ထိုင်းတွေကို စစ်အစိုးရအုပ်ချုပ်နေလို့ပဲ ဖြစ်နိုင်ပါတယ်။ စစ်သားတွေသူ့နေရာသူ နေရာမှန် မနေသေးသ၍ အခြေကျပြီးသား တိုင်းပြည်တောင်မှ ၅ ပါးမှောက်မယ်မှတ်ပါလေ။

ဗေဒင်မမေးနဲ့ ဆန်ကုန်တယ်။ ဒါ ကယ်လင်ဒါကျပဲ။

Zin Min Nyein

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page