ပညာ မသင်ခဲ့ရတဲ့ အဖေနဲ့ အတန်းတက်ပြီး အကန်းဖြစ်နေတဲ့ သား (မှတ်သားလောက်စရာပါပဲ)

“မိန်းမ ဒါတွေက ဘာတွေတုန်း” တုတ်ချောင်းတွေ အဝိုင်းတွေ အတွန့်အတက်တွေနဲ့ “ဘယ်သိမလဲ ရှင့်သားကိုခေါ်မေး. .” “ဟေ့ကောင် – သူရ . .ဒါကဘာတွေတုန်း!” “အာ အဖေကလည်း အဲ့တာ ကိုရီယားစာတွေဗျ ။ ကျွန်တော် ခုအဲ့ဘာသာစကားတက်ပြီး လေ့လာနေတာ ။ အဖေ ဘာမှနားမလည်ဘဲနဲ့များ ” “အေးလေ. .ငါမသိလို့မေးတာပေါ့ . . ငါ့မိန်းမသားရဲ့ . “”

“မသိလည်း အေးဆေးနေပါအဖေရာ ” “အဖေကို ရှင်းပြလည်းနားလည်မှာမှ မဟုတ်တာ ” ဒါကိုဘေးက မိခင်ဖြစ်သူကြားတော့ မျက်နှာလေးညှိုးသွားတယ် ။ ဖအေဖြစ်သူက သူ့ဇနီးကိုခေါင်းခါပြလိုက်တယ် ။ အဲ့လိုနဲ့ ညစားထမင်းစားပြီး အိပ်ရာဝင်ခါနီးကြတော့ သားလုပ်သူက အမေ့နားကပ်ပြီး “အမေမုန့်ဖိုးပေးဦး မနက်သင်တန်းတက်ရင် သုံးမလို့ ” “ရော့သား တစ်သောင်း ချွေတာသုံး ။ သားတတ်ချင်တာကို သေချာသင် . . လူငယ်ဆိုတာ ပျော်တတ်ရတယ် လေ့လာသင့်တာလည်း လေ့လာရမယ် . .” သား မအိပ်သေးရင် မင်းအဖေအင်္ကျီတွေ မီးပူတိုက်လိုက်ဦး . .

“အမေ အဖေအင်္ကျီတွေမှာ ပခုံးအသားတွေက အရောင်ဖျော့ပြီး ဘာလို့ ပါးနေတာလဲ? ‘ မိခင်လုပ်သူက အတော်လေးနူတ်ဆိတ်နေပြီးမှ… “သား သစ်ပင်တစ်ပင်မှာ အသီးတွေသီးဖို့ အကိုင်းအခတ်တွေ ပင်စည်တွေ မရှိပဲဖြစ်ပါ့မလား” “အမေလည်း အဖေ့လိုပဲ ဘာမှမသိဘူး, ဘာတွေမေးမှန်း မသိဘူး . .”

“ဟုတ်တယ်. .မင်းအဖေက ဘာမှမသိဘူး . . ဘာမှလည်း မတတ်ဘူး . . . သူတတ်တာနှစ်ခုရှိတယ် သိလား . ” “ဘာလဲဟင် ” ၁။ မိသားစု အေးအေးချမ်းချမ်းနေရဖို့ ၂။ မင်း ခုလိုပညာတွေတတ်မြောက်ဖို့ “သားမှတ်ထားပါ မင်းအဖေ ပညာမတတ်ဘူး ဒါပေမယ့် သူ့လုပ်အားနဲ့တော့ မင်းပညာတတ်ဖြစ်နေပြီ ” “ဒါပေမယ့် မင်းက ပညာကိုသိပဲ သိသေးတာ . .မင်းအဖေလောက် ပညာမတတ်သေးဘူး . .”

“ဟားဟား …အမေကလည်း အဖေက မြန်မာစာတောင်ဖြောင့်အောင် မရေးနိုင်တာ ပညာတတ်ဖြစ်မလားဗျ ” အမေဖြစ်သူက တစ်ခွန်းပဲပြောလိုက်တယ် …။ “မင်းစီးထားတဲ့ ဖိနပ်တောင် မင်းအဖေရင်းထားတဲ့ပညာတွေပါတယ် …” “ပညာဆိုတာဘာလဲသား သိလား? ” “သိဖို့တတ်ဖို့ထက် အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်တာကို ပညာလို့ခေါ်တယ် ” “ခုသားက သင်ညာသိပဲရှိသေးတယ် ပညာရှိ မဖြစ်သေးဘူး ” …

ဘဝမှာ ပညာသိ ၊ ပညာတတ် ၊ ပညာရှင်ဆိုပြီး သုံးမျိုးရှိတယ် ။ ကိုယ်တိုင်သိနေဖို့ထက် ကိုယ်သိသလို သူလည်း နားလည်ဖို့ ဝေမျှရမယ် အဲ့လို့ဝေမျှဖို့လည်း ဆန်းသစ်နေရမယ် လူတစ်ယောက်က အားလုံးသိပါတယ်လို့ ကြွေးကြော်နေပြီဆိုရင် သေချာတယ် သူဘာမှမသိသေးလို့ အတန်းတက်ပြီး အကန်းဖြစ်နေသမျှတော့ ပညာဆိုတာဝေးနေဦးမှာ . .

ဟုတ်ကဲ့ . . ကျွန်တော်ပညာနဲ့ ဝေးနေတုန်းပါ . . လောကမှာ ဘာမှမသိလို့မိုက်တာ .ပြင်ပေးလို့ရတယ် ။ သိပြီးမိုက်တာက မှ အတော်လေးကြောက်ဖို့ကောင်းတာပါ။ အတွေးတစ်ခုခုရကြပါစေ

ဘာမထီဘွား

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page