ပြင်ဦးလွင်မြို့မှာ မြေတဧကကို (၁၀၀) ကျပ်နဲ့ ဝယ်နိုင်ပါပြီ (အဘနဲ့ သိတဲ့ ခရိုနီများသာ)
ပြင်ဦးလွင်မြို့မှာ မြေတဧကကို (၁၀၀) ကျပ်နဲ့ ဝယ်နိုင်ပါပြီ (အဘနဲ့ သိတဲ့ ခရိုနီများသာ)
တဧကကို တစ်ရာကျပ်နှုန်းနဲ့ မြေ (၁၇၆) ဧက…
ယခင်အစိုးရဆင်းခါနီးကာလ ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ရွာ ဧရိယာပိုင်နက်ထဲမှာရှိတဲ့မြေတွေကို (၁) ဧက (၁၀၀) ကျပ်နှုံးနဲ့ မြေ (၁၇၆) ဧကတိတိ ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ အမှတ် (၆၄၇) မှာနေထိုင်တဲ့ ဦးသီဟအောင် (ဘ) ဦးရန်ကွမ်းရှောက်အား ချပေးခဲ့တယ်။
အစိုးရစာချုပ်ထဲမှာ ၂၀၄၀-ခုနှစ်အထိ လုပ်ပိုင်ခွင့်ပြုထားတယ်။ ဘိုးဘွားအစဉ်အဆက်လုပ်ကိုင်ခဲ့ကြတဲ့ စိုက်ပျိုးမြေအများအပြားပါသွားလို့ အဲ့ဒီနေရာမှာဝင်ရောက်လုပ်ကိုင်ကြတဲ့ သုံးတောင်ရွာဒေသခံတောင်သူ (၁၃) ဦးဟာ ပိုင်နက်ကျူးကျော်သူများအဖြစ် တရားစွဲအရေးယူခံခဲ့ရတယ်။
တရားစွဲဆိုခံရသူတွေ အားလုံးဟာ အဲ့ဒီနေရာမှာ ဘိုးဘွားအစဉ်အဆက် စိုက်ပျိုးလုပ်ကိုင်ခဲ့သူများဖြစ်တယ်။ ဦးသီဟအောင် (ဘ) ဦးရန်ကွမ်းရှောက်ဟာ အခြားနေရာဒေသများမှာလည်း မြေဧကထောင်ချီပိုင်ဆိုင်ထားတယ်။ အဲ့သလိုနည်းတွေနဲ့ တောရောမြို့ပါမကျန် နိုင်ငံအနှံ့မှာရှိတဲ့မြေတွေကို အာဏာပိုင်နဲ့သူဌေးပေါင်းပြီး မတရားသိမ်းယူကြတယ်။ ပြီးတော့… အဆင့်ဆင့် ပြန်ရောင်းစားကြတယ်။
နောက်ဆုံးနစ်နာဆုံးရှုံးရတာက လုပ်ထုံးလုပ်နည်းနားမလည်ကြတဲ့ အခြေခံလူတန်းစားတွေသာဖြစ်တယ်။ ဆင်းရဲသူဆင်းရဲသားတွေသာဖြစ်တယ်။ ဒါမျိုးတွေက နိုင်ငံအနှံ့မှာရှိတယ်။ မျိုးချစ်ဘုန်းဘုန်းတွေ ဒါတွေကို… မြင်အောင်ကြည့်ကြပါ။
သူတော်ကောင်းတရား ထွန်းကားပါစေ
အရှင်တေဇနိယ(မန်းတောင်ခြေ)