ရန်ကုန်မြို့ရှိ မြို့နယ် (၂၇) ခု ယနေ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်

ရန်ကုန်မြို့ရှိ မြို့နယ် (၂၇) ခု ယနေ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်

အများပြည်သူသို့ အသိပေးပန်ကြားခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် (၆၆) ကေဗွီ၊ (၃၃) ကေဗွီဓာတ်အားခွဲရုံများ ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ၊ ရေရှည်ဓာတ်အားတည်ငြိမ် ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အား မနိုင်တော့သော (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာ ပါသောဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများ နှင့် ဓာတ်အားပြတ်တောက်မှုလျော့နည်း ကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို (၁၄.၁.၂၀၂၁) ရက်နေ့ ကြာသပတေးနေ့တွင် (၀၉:၀၀) နာရီ မှ (၁၂:၀၀) နာရီအချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လုပ်ငန်းဆောင်ရွက်နေစဉ် အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်္ဃန်းကျွန်း၊ ဒဂုံတောင်၊ ဒေါပုံ၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ ဒဂုံမြောက်၊ ရွှေပေါက်ကံ၊ လှိုင်၊ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်း၊ ကြည့်မြင်တိုင်၊ မြောင်းတကာ ၊မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်သာယာ (အရှေ့)၊ လှိုင်သာယာ(အနောက်)၊ ရွှေပြည်သာ၊ ရွှေလင်ဗန်း၊ ထန်းတပင်၊ ထောက်ကြန့်၊ မှော်ဘီ မြို့နယ်များရှိ ရပ်ကွက် အချို့တို့တွင် အဆိုပါအလုပ်လုပ်နေစဉ် အချိန်ပိုင်း ယာယီဓာတ်အားပြတ်တောက်မှု အနည်းငယ် ရှိနိုင်ပါသည်။

ထိုသို့လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓါတ်အားပြတ်တောက်မှုလျော့နည်းစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရခြင်း ဖြစ်ပါသဖြင့် ယာယီ ဓါတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်မှု များအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ အများပြည်သူထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page