ရန်ကုန်တိုင်း (၁၄) မြို့နယ် ရေ လုံးဝပြတ်တောက်မည် (မီးပြတ်ပြီး ရေထပ်ပြတ်ပါမယ်)

ရန်ကုန်မြို့တော်စည်ပင်ကတော့ မနက်ဖြန် ရန်ကုန် (၁၄) မြို့နယ် ရေပြတ်တောက်မယ့် အကြောင်းကို ကြေညာလိုက်ပါတယ်။ ကြေညာချက် အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်-

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ရန်ကုန်မြို့တွင်းသို့ ရေပေးဝေလျက်ရှိသော ငမိုးရိပ် ရေသန့်စင် စက်ရုံ (ညောင်နှစ်ပင်) ဒုတိယအဆင့်တွင် ၂၄-၁၂-၂၀၂၁ ရက်နေ့ ညနေ ၄ နာရီ အချိန်၌ 33/6.6 KV ဓာတ်အားခွဲရုံရှိ 4MVA ထရန်စဖော်မာမှ အပြစ်ဖြစ်ပေါ်၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားပါသည်။ ထရန်စဖော်မာ လဲလှယ်ခြင်းနှင့် လိုအပ်သော ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ ၂၅-၁၂-၂၀၂၁ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် ဆောင်ရွက်ပြီးစီးမည် ဖြစ်ပါသည်။

အဆိုပါ ထရန်စဖော်မာ လဲလှယ်စဉ်ကာလတွင် ငမိုးရိပ်ရေသန့်စင်စက်ရုံ (ညောင်နှစ်ပင်)မှ ရေပေးဝေလျက်ရှိသော မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ရွှေပေါက်ကံမြို့သစ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ ဗဟန်း၊ ရန်ကင်း၊ ကမာရွတ်၊ မရမ်းကုန်း၊ တာမွေမြို့နယ် (မေတ္တာညွန့်) နှင့် မြို့တွင်း မြို့နယ်များတွင် ရေအားလျော့နည်းခြင်း၊ ရေပြတ်တောက်ခြင်းများ ဖြစ်ပေါ်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page