မြန်မာ့တောင်သူတွေကို ချေးထားတဲ့ ဒေါ်လာ သန်း ၄၀၀ အကြွေးကို တရုတ်ပြန်တောင်းပြီ

သမဝါယမအသင်းသား တောင်သူတွေကို ချေးပေးထားတဲ့ တရုတ် EXIM Bank ချေးငွေ ကန်ဒေါ်လာ သန်း ၄၀၀ ကို ဇန်နဝါရီ ၃ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည်ကောက်ခံသွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်တွေအလိုက် တရုတ် EXIM Bank က သမဝါယမ အသင်းသားတွေအတွက် ကန်ဒေါ်လာ သန်း ၄၀၀ ကို ဇူလိုင်လက ထုတ်ချေးပေးခဲ့တာဖြစ်ပြီး ယခုအခါမှာ သတ်မှတ်ကာလ ပြည့်ပြီဖြစ်တာကြောင့် ယခုလ နောက်ဆုံးအပတ်ကနေ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၃ရက်အထိ နောက်ဆုံးထားပြီး ပြန်လည်ကောက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ယင်းချေးငွေကို မန္တလေးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၁၈မြို့နယ်ရှိ သဝါယမအသင်း ၂၆၇၁ သင်းမှ အသင်းသား တောင်သူ ၂၅၇၅၈ ဦးကို ထုတ်ချေးပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လတ်တလောမှာ အဆိုပါချေးငွေတွေဟာ ကာလတိုကြွေးကျန်တွေ ဖြစ်ပေါ်နေတဲ့အတွက် သအဝါယမလုပ်ငန်းတွေ ရှေ့ဆက်လုပ်ဆောင်ဖို့အတွက် အခက်အခဲ ဖြစ်ပေါ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page