ပြည့်တန်ဆာအိမ်က သာလိကာကိုမှ လိုချင်လွန်းလို့ ဝယ်သွားတဲ့ သမီး ၃ ယောက် အမေရဲ့ အဖြစ်
ပြည့်တန်ဆာအိမ်က သာလိကာကိုမှ လိုချင်လွန်းလို့ ဝယ်သွားတဲ့ သမီး ၃ ယောက် အမေရဲ့ အဖြစ်
အိမ်ထောင်စုတခုမှာ အိမ်ထောင်ဦးစီးက ကိုဖေကျင် တဲ့။ သူ့ဇနီးက မယဉ်မြ ပါ။ သူတို့မှာ သမီးပျို ၃ယောက်ရှိတယ်။
နေ့လည်နေ့ခင်းဆို အိမ်မှာ မယဉ်မြ တယောက် တည်း ပျင်းနေရတယ်။ ကိုဖေကျင်က အလုပ်ကြီး အကိုင်ကြီးသမားမို့ တနေကုန် အလုပ်သွား။ သမီးပျိုတွေကလည်း အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသူတွေဆိုတော့ ကျောင်း သွားကြတာကိုး။ ဒါနဲ့ မယဉ်မြက နေ့လည်ခင်း အပျင်းပြေအောင် ဆိုပြီး အိမ်မှာ စကားပြောတတ်တဲ့ ကြက်တူရွေး။ ဒါမှမဟုတ် သာလိကာတကောင် ဝယ်မွေးထား ရင် ကောင်းမှာပဲလို့ အကြံရတယ်။
ဒါနဲ့ ငှက်အရောင်းဆိုင်ကို သွားတာပေါ့။ ငှက်ဆိုင်ရောက်တော့ ငှက်မျိုးစုံ အလှပြထားတာ တွေ့တယ်။ စကားပြောတတ်တဲ့ ကြက်တူရွေး။ သာလိကာတွေကတော့ စျေးအကြီးဆုံးပဲ။ သောင်းဂဏန်းချည်းပဲ။ ၃သောင်း ၅သောင်း စျေးရှိတယ်။ ဒီထဲမှာ သာလိကာတကောင်ကို ၅ထောင်လို့ ထောင်ဂဏန်းနဲ့ စျေးပေါပေါချိတ် ထားတာ တွေ့တော့ မယဉ်မြ အံ့သြသွားတယ်။
မယဉ်မြက ဆိုင်ရှင်ကို မေးကြည့်တယ်။ “ဒီသာလိကာက ဘာလို့ စျေးပေါတာလဲ။ စကား မတတ်လို့လားရှင့်” “တတ်သမှဗျာ။ တတ်လွန်းလို့ ခက်တောင် နေသေးတယ်” “ဒါဖြင့် ဘာလို့ စျေးပေါတာတုန်းရှင့်”
“သူက အရင်က ပြည့်တန်ဆာအိမ်မှာ နေခဲ့တာ လေ။ စကားကတော့ ကြွယ်ပါရဲ့။ ပြောလိုက်တဲ့ စကားတွေက အလေနတ္တောတွေဆိုတော့ စျေးပေါပေါနဲ့ ရောင်းပစ်မလို့ပါဗျာ” မယဉ်မြကတော့ စျေးသက်သာတာကို သဘောကျသွားတယ်။ အိမ်ရောက်မှပြုပြင်ယူမယ် ဆိုတဲ့အတွေးနဲ့ စျေးပေါတဲ့ သာလိကာမကို ဝယ်လာခဲ့တာပေါ့။ အိမ်ရောက်တာနဲ့ သာလိကာမကလည်း အစွမ်း ပြတော့တာပါပဲ။
“အမယ်- ငါနေရမယ့် “ဘိ” ကလည်း အသစ်။ ငါ့သခင်မကြီးကလည်း အသစ်ပဲဟဲ့” သာလိကာမအပြောကို မယဉ်မြ သဘောကျသွားတယ်။ ညနေစောင်းတော့ သမီးပျို၃ယောက် ကျောင်းက ပြန်လာကြပါတယ်။ သာလိကာမက ပြောလိုက်ပြန်တယ်။
“အောင်မယ်။ မွေးထားတဲ့ ကောင်မလေးတွေ ကလည်း အသစ်ကလေးတွေဟဲ့။ အလုပ်ဖြစ်ဦးမှာပဲ” သမီး ၃ ယောက်ကလည်း သာလိကာမအပြောကို သဘောကျကြတာပါပဲ။ အိမ်ထောင်ဦးစီးဖြစ်တဲ့ ကိုဖေကျင်ကတော့ အလုပ်များတဲ့သူမို့ မိုးကြီးချုပ်မှ အိမ်ကိုပြန်ရောက်လာပါတယ်။
သာလိကာမက ကိုဖေကျင်ကိုလည်း နှုတ်ဆက်တာပါပဲ။ “အလို- ကိုဖေကျင်ပါလား” သာလိကာမက နာမည်နဲ့တကွ နှုတ်ဆက်လိုက်တော့ ကိုဖေကျင် အံ့သြသွား တာပေါ့။ မယဉ်မြနဲ့ သမီး၃ယောက်လည်း အံ့သြ သွားကြတယ်။ အဲဒီတုန်းမှာ သာလိကာမက ဆက်ပြောလိုက်ပါတယ်။
“ကိုဖေကျင် ရှင်က ဒီ ‘ဘိ’ကိုလည်း လာတာပဲ နော်” တဲ့။ ရယ်မောပျော်ရွှင်နိူင်ကြပါစေ