ရုရှားသမ္မတ ပူတင် မြန်မာပြည်ကို အဖက် လုပ်ပါပြီ (ပြောတော့ ပြောလိုက်တယ် ဒါပေမယ့် မပြောဘူး)

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို ပြည်ပက ၀င်ရောက်စွက်ဖက်မှုတွေ မရှိဘဲ ဖြေရှင်းသင့်တယ်လို့ ရုရှားသမ္မတပူတင်က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၁ ရက်မှာ ပြုလုပ်တဲ့ ပြည်ပသံတမန်တွေကို လက်ခံတဲ့ အခမ်းအနားမှာ သမ္မတပူတင်က အခုလိုထုတ်ဖော်ပြောဆို လိုက်တာဖြစ်ပါတယ်။

ပြည်တွင်း နိုင်ငံရေး၊ လူမျိုးရေးနဲ့ ဂိုဏ်းဂဏ အခြေအနေနဲ့ ပတ်သက်တဲ့ပြသနာတွေကို ပြည်ပက ၀င်ရောက်စွက်ဖက်ခြင်းမရှိဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေအပေါ် အခြေခံပြီး မြန်မာနိုင်ငံကိုယ်၌က ပြေလည်အောင်ဖြေရှင်းသင့်တယ်လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံနဲ့ ရုရှားတို့ဟာ ယခင်ကတည်းက ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိကြောင်း၊ ပူးတွဲအားထုတ်ခြင်းဖြင့် စီးပွားရေး၊ စစ်ရေး၊ နည်းပညာနှင့် ပညာရေးကဏ္ဍတွေမှာ အောင်မြင်တဲ့ အပြန်အလှန်ဆက်ဆံရေးကို ဆက်လက်ဖော်ဆောင်နိုင်မယ်လို့ ယုံကြည်ကြောင်း သမ္မတပူတင်က ပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှား သမ္မတ ပူတင်နဲ့ တွေ့ဆုံဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့်လည်း တွေ့ဆုံခဲ့ မရခဲ့ပါဘူး။

သမ္မတ ပူတင်က မြန်မာပြည်နဲ့ ပတ်သက်ပြီး ယခုလို မှတ်ချက်ချခြင်းဟာလည်း သံတမန် တွေ့ဆုံပွဲမှာ နိုင်ငံစဉ်အတိုင်း မပြောမဖြစ် ပြောရတဲ့ ဧည့်ဝတ်စကား ပုံစံမျိုး ဖြစ်ကြောင်း နိုင်ငံတကာ ကျွမ်းကျင်သူပညာရှင် တချို့က ပြောကြားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page