ရုရှားသမ္မတ ပူတင်နဲ့ ပတ်သက်လို့ လူတွေ လုံးဝ မသိသေးတဲ့ အချက်များ
၁။ ရုရှားသမ္မတ ပူတင်ဟာ တရားဝင်လေယာဉ်မောင်း လိုင်စင်ကို ရထားသူတစ်ဦးဖြစ်ပြီး တစ်ခါတုန်းကဆိုရင် တောမီးလောင်တဲ့ နေရာကို ဝေဟင်ကနေ ငြိမ်းသတ်ရတဲ့အခါ အကူ လေယာဉ် ပိုင်းလော့နေရာကနေ ပါဝင်ခဲ့ပါသေးတယ် ။ ထွက်ပေါ်တဲ့ သတင်းများအရ သမ္မတပူတင်ဟာ သူ့ကိုယ်ပိုင် ဟယ်လီကော်ပတာ အစင်းပေါင်း ( ၁၅ ) စင်းကို ပိုင်ဆိုင်ထားပြီး သူမကြာခဏ အသုံးပြုတဲ့ လေယာဉ်အစင်းပေါင်းကလည်း ( ၅၈ ) စင်းတောင်ရှိပါတယ်။ ပူတင်ဟာ လေယာဉ်ပျံ အမျိုးမျိုးကို မောင်းနှင်တတ်တယ်လို့ သိရပါတယ်။
၂။ နောက်ထပ်ထူးခြားတဲ့ အချက်ကတော့ သမ္မတ ပူတင်ဟာ နိုင်ငံရေးနယ်ပယ်မှာတင် မဟုတ်ပဲ အမျိုးသမီးတွေကြားမှာပါ ရေပန်းစားတဲ့ သူတစ်ဦးပါ ။ အကြောင်းကတော့ သူရဲ့ ပွင့်ပွင့်လင်းလင်း နဲ့ တဲ့တိုးပြောတတ်တဲ့ ပုံစံတွေကြောင့်ပဲ ဖြစ်ပါတယ်တဲ့။ အဲဒါကြောင့်ပဲ အလှမယ်တွေနဲ့ တွဲခုတ်တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။
၃။ ဒါ့အပြင် သမ္မတ ပူတင်ဟာ သူ သမ္မတမဖြစ်ခင် အချိန်တုန်းက KGB လို့ခေါ်တဲ့ ရုရှားထောက်လှမ်းရေးမှာ စပိုင်အဖြစ် ဆောင်ရွက်ခဲ့ပါသေးတယ် ။ စတင် လုပ်ကိုင်ခဲ့တုန်းက KGB ရဲ့ အေးဂျင့်အဖြစ် လုပ်ခဲ့ပြီး ၁၉၇၅ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ အရှေ့ ဂျာမနီမှာ လူသစ်စုဆောင်းပေးသူ အဖြစ် လှုပ်ရှားခဲ့ပါတယ် ။ ၁၉၉၁ ခုနှစ်မှာတော့ ပူတင်ဟာ အေဂျင်စီရဲ့ ဒုတိယ ဗိုလ်မှုးကြီးရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။ တကယ့် သူလျှို အဖြစ် လုပ်ကိုင်ခဲ့ဖူးပါတယ်။
၄။ ၂၀၀၈ ခုနှစ်တုန်းက သမ္မတ ပူတင်ဟာ TV အစီအစဉ် တစ်ခုရဲ့ ရိုက်ကူးရေး အဖွဲ့သားတွေကို ကျားတစ်ကောင်ရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ခဲ့ပေးဖူးပါတယ် ။ ဖြစ်ပုံကတော့ ဆားဘီးယား ကျားတွေရဲ့ နေထိုင်ကျက်စားပုံကို လေ့လာရိုက်ကူးနေစဉ် ရုတ်တရက် ကျားတစ်ကောင်က အဖွဲ့သားတွေကို တိုက်ခိုက်လာတာပါ ။ ဒီအချိန်မှာပဲ သမ္မတ ပူတင်ဟာ မေ့ဆေးသနတ်နဲ့ မြန်မြန် ပစ်လိုက်လို့သာ ရိုက်ကူးရေး အဖွဲ့သားတွေ ခမျာ အသက်ရှုချောင်သွားခဲ့ရပါတယ်။ တောလိုက်ခြင်း၊ အမဲပစ်ခြင်းနဲ့ ငါးမြှားခြင်းတို့ကို ပူတင်က အလွန်နှစ်သက်တယ်လို့ သိရပါတယ်။
၅။ နောက်တစ်ခုကတော့ ထွက်ပေါ်နေတဲ့ သတင်းများအရ သမ္မတ ပူတင်ရဲ့ ချမ်းသာကြွယ်၀မှုဟာ ဘီလီယံပေါင်း ၄၆ ဘီလီယံအထိတောင် ချမ်းသာပါတယ်တဲ့ ။ ဒါပေမယ့် သမ္မတ ပူတင်ဟာ သူ့ရဲ့ ချမ်းသာကြွယ်၀မှုတွေကိုတော့ လူထုကို တရားဝင် ထုတ်ပြထားတာတော့ မရှိပါဘူး ။ ဒါ့အပြင် သူပိုင်ဆိုင်သမျှထဲက အကြီးကျယ်ဆုံး ပိုင်ဆိုင်မှုကတာ့ ပူတင် လို့အမည်ရတဲ့ နန်းတော် ဖြစ်ပြီး ပင်လယ်နက်နားက Praskoveevka ရွာမှာ တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ ဒီနန်းတော်ကို တည်ဆောက်ခဲ့တဲ့ ကုန်ကျစရိတ်ကတော့ ပေါင် ၇၅၀ မီလီလျံကျော် အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။ ပူတင် ဘယ်လောက် ချမ်းသာလည်း ဘယ်သူမှ မခန့်မှန်းနိုင်ဘူးလို့ သိရပါတယ်။
၆။ လူသိနည်းလှတဲ့ အချက်တစ်ခုကတော့ သမ္မတ ပူတင်မှာ Mariya Putina နဲ့ Tekaterina Putina ဆိုတဲ့ သမီး (၂) ယောက်ရှိတယ်ဆိုတာပါပဲ ။ သူမတို့ဟာ လူထုရှေ့ သိပ်ထွက်ပြလေ့မရှိပဲ သူတို့ အကြောင်းကိုလည်း ရုရှားမီဒီယာ ဖော်ပြထားတာလည်း များများစားစား မရှိပါဘူး ။ သမီး (၂) ယောက်စလုံးဟာ ဘွဲ့ရထားပြီး မတူညီတဲ့ နာမည်တွေကို သုံးကာ သိုသိုသိပ်သိပ် နေလေ့ရှိပြီး သမ္မတ ပူတင်ကိုယ်တိုင်ကလည်း သူ့သမီးတွေ အကြောင်းကို မီဒီယာတွေရှေ့မှာ သိပ်ပြောလေ့ပြောထ မရှိပါဘူး ။ ပူတင်မှာ အလှမယ်တဦးနဲ့ မွေးထားတဲ့ နောက်ထပ် သမီးတဦး ရှိသေးတယ်လို့လည်း ကောလာဟလတွေ ထွက်ပေါ်ခဲ့ပါတယ်။
၇။ သမ္မတ ပူတင်ဟာ ငယ်စဉ်တည်းက ကိုယ်လုံပညာကို ကျွမ်းကျင်စွာ တတ်မြောက်ထားသူ လည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဂျူဒို အားကစားမှာ အထူးကျွမ်းကျင်ပြီး အသက် (၁၈) နှစ်အရွယ်မှာတင် ခါးပတ်နက် ရရှိခဲ့တာပါ ။ ဒါ့အပြင် ယနေ့အချိန်အထိ အချိန်အားတဲ့အခါတိုင်း ရုရှား ကိုယ်လုံပညာရပ်တစ်ခုဖြစ်တဲ့ Sambo ကို လေ့ကျင့်လျက် ရှိပါသေးတယ်တဲ့။ ပူတင်ဟာ တိုက်ကွမ်ဒို ကစားနည်းမှာ နာမည်ကျော် အက်ရှင်မင်းသားချက်နော်ရစ်ထက် အဆင့်ပိုမြင့်တယ်လို့ သိရပါတယ်။
အထက်ပါ အချက်တွေကတော့ ရုရှားသမ္မတ ပူတင်နဲ့ ပတ်သက်ပြီး လူတွေ သိပ်မသိသေးတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။