ငယ်စဉ်က တက္ကစီမောင်းပြီး အပိုဝင်ငွေရှာခဲ့ကြောင်း ရုရှားသမ္မတ ပူတင် ထုတ်ပြော
ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခြင်းသည် သမိုင်းဝင်ရုရှားကို အဆုံးသတ်လိုက်ခြင်းဖြစ်ကြောင်းပြောဆိုရင်း ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် စားဝတ်နေရေးအတွက် တက္ကစီမောင်းခဲ့ရကြောင်း ရုရှားသမ္မတဗလာဒီမာ ပူတင်က ပြောဆိုလိုက်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခြင်းအတွက် ဝမ်းနည်းကြေကွဲနေသော ဆိုဗီယက်ပြည်ထောင်စုခေတ် ကေဂျီဘီ ထောက်လှမ်းရေးဟောင်းတစ်ဦးဖြစ်သူ ပူတင်က လွန်ခဲ့သည့်နှစ်ပေါင်းသုံးဆယ်အတွင်းက တိုင်းပြည်ပြိုကွဲမှုမှာ နိုင်ငံသားအများစုအတွက် ကြေကွဲဖွယ်ရာဖြစ်ရပ်ဖြစ်ကြောင်း ပြောပါတယ်။
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့စဉ်အခါက ဆိုဗီယက်ပြည်ထောင်စုအပေါ် သစ္စာစောင့်သိခဲ့သော ထောက်လှမ်း ရေးတစ်ဦးဖြစ်သူ ပူတင်မှာ စိတ်ထိခိုက်ကြေကွဲခဲ့ရတယ်လို့ ပူတင်က ပြောပါတယ်။
ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် စီးပွားရေးမတည်ငြိမ်မှုများ အရှိန်မြင့်တက်လာပြီး ရုရှားနိုင်ငံတွင်း ဆင်းရဲဒုက္ခ ရောက်ခဲ့ကြပါတယ်။ ရုရှားနိုင်ငံသစ်အနေဖြင့် ကွန်မြူနစ်စနစ်ကျင့်သုံးနေသည့်နိုင်ငံအဖြစ်မှ အရင်းရှင်စနစ် ကျင့်သုံးသည့်နိုင်ငံအဖြစ်သို့ ကူးပြောင်းခဲ့ပါတယ်။
“တခါတလေ ကျွန်တော် တက္ကစီဒရိုင်ဘာဘဝနဲ့ အပိုဝင်ငွေရှာရတယ်လို့ ပြောတာပါ။ ရိုးရိုးသားသားပြောရရင် အမှန်တိုင်း ပြောရရင် အခုလို့တော့ ဘယ်ပြန်ပြောချင်ပါ့မလဲဗျာ။ ဒါပေမယ့် ဒါဟာ တကယ်ဖြစ်ခဲ့ပါတယ်” လို့ ရုရှား သမ္မတ ပူတင်က ပြောပါတယ်။