ရွှေတိဂုံစေတီပေါ်က နှစ်ပေါင်း ၂၀၀ ကျော် ထန်းပင်ကြီး ရုတ်တရက် ကျိုးကျ (နိမိတ်တွေ ပြပါပြီ)

ရွှေတိဂုံစေတီတော်ကြီးရဲ့ ရင်ပြင်မှာ ရှေးနှစ်ပေါင်း ၂၀၀ ကျော်ကတည်းက ရှိခဲ့တဲ့ ထန်းပင်ကြီး ဇက်ကျိုးကျတဲ့ နိမိတ်အကြောင်း မူရင်းရေးသားသူ တင်ထားတာကို ဖော်ပြလိုက်ပါတယ်-

“ကျိုက်ထီးရိုးဘုရား မိုးကြိုးပစ်ခံရပြီးနောက် ထပ်မံထူးခြားလက္ခဏာ ၊ ရွှေတိဂုံဘုရားက သက်တမ်းနှစ်ရာကျော်ရှိတဲ့ ထန်းပင်ကြီး သူ့အလိုလို ဇက်ကျိုးကျ၊ ရှေးရိုးယုံကြည်မှုအရ ဒါဟာ နိုင်ငံအုပ်ချုပ်တဲ့အစိုးရအတွက် ပျက်စီးမယ့်နိမိတ်၊ နေပြည်တော်ပျက်ကိန်းလို့ပြော ရက်စက်ယုတ်မာတဲ့၊ စစ်အုပ်စု ‌ေ-ကျေပျက်စီးရကိန်း ဘုရားစောင့်နတ်တွေ ၊ အတိတ်စိမ်းပြကုန်ပြီ။

တကယ်၊ နေပြည်တော်ပျက်ကိန်းတဲ့။ အတက်မထွက်နိုင်တဲ့ ထန်းပင်ဇက်ကျိုးတဲ့အတိတ်က ၊ ပျက်ကိုပျက်မှာဆိုတဲ့နိမိတ်တဲ့ ကြောက်စရာကြီး။” (Buddhawyhara Siradoor)

အတိတ်နိမိတ်တွေကတော့ ဆက်တိုက်ဆိုသလို ပြသနေတာ ဖြစ်ပါတယ်။ လာမယ့် သောကြာနေ့မှာလည်း လကို သောကြာဂြိုလ်က တိုက်ရိုက် ဖောက်သွားမယ့် ဖြစ်စဉ်လည်း ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက “လ ကို ကြယ်ဖောက် ဂျပန်ရောက်” ဆိုတဲ့ တဘောင် ပေါ်ပြီး မကြာခင် ဂျပန်တပ်တွေ မြန်မာပြည်ထဲ ရောက်ရှိ လာခဲ့ပါတယ်။

အခုလည်း သက်တမ်း နှစ် ၂၀၀ ကျော်တဲ့ ထန်းပင်ကြီး ဇက်ကျိုးသွားတယ်ဆိုတဲ့ နိမိတ်ဟာ ကြာရှည်စွာ တည်တံ့ခိုင်မြဲလာမယ့် အဖွဲ့အစည်းတခု ပြိုလဲမည့်အကြောင်း၊ အထက်ထန်းပင်ပေါ်က ဆိုတဲ့ ဗန်းစကားအတိုင်း အထက်မှာ ထိုင်နေတဲ့ လူကြီးတွေ ထန်းပင်ကြီးကျိုးသလို ရုတ်တရက် ကျိုးကျသွားမှာ ဖြစ်ကြောင်း အယူတော်မင်္ဂလာ ဦးနိုးရဲ့ အတိတ်ကောက်ကျမ်းကို လေ့လာနေတဲ့ ပညာရှင်တဦးက မှတ်ချက်ပြုပါတယ်။

လကို အနီရောင် လွှမ်းခြင်း၊ လကို ကြယ်ဖောက်ခြင်း၊ ရွှေတိဂုံဘုရားပေါ်က ထန်းပင်ကျိုးကျခြင်း စတဲ့ အတိတ်နိမိတ်တွေကြောင့် “ကံမခိုင် သံတိုင်အိမ်ဆောက်ပေမယ့် ကံမှောက်ရင် ကျိုး” ဆိုတဲ့ စကားပုံလို ယတြာချေလည်း မပျက်နိုင်တဲ့ တကယ့်ဇောက်ထိုးကျ ကိန်းတွေ ဖြစ်ကြောင်း ပညာရှင်က ဆက်လက် ပြောကြားပါတယ်။

အတိတ်တဘောင်နဲ့ အညီ နိမိတ်ဆောင်ခဲ့ပြီဆိုတဲ့ စကားအတိုင်း သေချာပေါက် တကယ်ဖြစ်လာပြီး တလိမ့်ခေါက်ကွေး ဇောက်ထိုးကျသွားမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page