ပိုက်ဆံ ၁၀၀ နဲ့ ကလေးတွေကို အန္တရာယ်ပေးမယ့်မုန့် (ဒီလိုမုန့်မျိုး ကလေးတွေကို လုံးဝ မကျွေးပါနဲ့)

အိမ်အနီးနားက ကလေး ၂ ယောက် ပုံမှာ ပါတဲ့ စက်ဘီးကျွတ်ပုံစံလို မုန့်တမျိုးကို စားနေတာတွေ့တယ်။

စားနေတဲ့ ကလေးနားသွားပြီး ဘာတွေစားနေတာလဲ သမီးလေး အဘတို့ကို ခဏပြပါလား၊ တခု ဘယ်လောက် ပေးရလဲ မေးလိုက်ပါတယ်။ (၈) နှစ်သမီးလေးက တခုကို တရာတဲ့၊ မုန့်ဆိုင်မှာ ရောင်းတဲ့ မုန့်လို့ ပြောပါတယ်။

မုန့်ပုံစံကြည့်ရတာ စက်ဘီးကျွတ်ပုံစံတူ ရာဘာချောင်းလို့ ပုံစံဖြစ်ပြီး ကိုက်ဆွဲပြီး စားရတာပါ။ ဘာတွေနဲ့ လုပ်ထားတယ်လို့ မဖော်ပြထားပါဘူး။ ကလေးတွေ ဒီလို မုန့်မျိုး စားနေတာ အရမ်း အန္တရာယ်များပါတယ်။

တရုတ်ပြည်ကနေ မြန်မာပြည်ထဲကို တရားမဝင်မုန့်တွေ အများအပြား ဝင်ရောက်နေပါတယ်။ ကလေးတွေဟာ ဒီလို အစာမကြေလွယ်တဲ့ မုန့်များကို စားမိရင် အစာအိမ်အူပိတ်တာတွေ စတဲ့ ရောဂါတွေ ဖြစ်နိုင်ပါတယ်။

မြန်မာပြည်မှာ ကျောင်းဖွင့်ချိန်နဲ့ကိုက်ပြီး ဈေးကွက်ကို တမင်တင်ရောင်းတာ ဖြစ်ပါတယ်။ ဒီလို ခွင့်ပြုချက် မရှိတဲ့ မုန့်တွေကို ကျောင်းမုန့်ဈေးတန်းတွေမှာ ရောင်းချရင် အခန့်မသင့်ရင် စာသင်ခန်းတခုလုံး ဒုက္ခရောက်နိုင်ပါတယ်။

FDA အနေနဲ့ ငွေပေးရင် ရတယ်ဆိုတဲ့ ပုံစံ မလုပ်ဘဲ ကလေးတွေအတွက် စေတနာပါပါနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မပေါ်ရအောင် စီမံဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။

မြန်မာပြည်ရဲ့ အနာဂတ် သားကောင်းဖြစ်တဲ့ ကလေးများ ရောဂါဘယ ကင်းရှင်းဖို့အတွက် အားလုံး ဝိုင်းဝန်းကူညီဆောင်ရွက်သွားဖို့ အရေးကြီးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page