ပိုင်းလော့ဆရာတော်ကြီး မိန့်ကြားတဲ့ နေအိမ်အခက်အခဲရှိသူများအတွက် အစွမ်းထက် ကုသိုလ်ယတြာ

“နေစရာအိမ် အခက်အခဲ ဖြစ်နေသူများအတွက် လွန်စွာ အစွမ်းထက်လှတဲ့ ကုသိုလ်ယတြာ”

နေအိမ်အတွက် ဒါနပြုပုံ

နေစရာအိမ်နဲ့ ပတ်သက်လို့ ခက်ခဲတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဘုန်းကြီးရဲ့ ဒကာတစ်ယောက်မှာ အိမ်နဲ့ပတ်သက်ပြီး အခက်အခဲဖြစ်နေတော့ ဘုန်းကြီးက စဉ်းစားပေးတယ်။ တစ်ဖက်သားကို နေစရာချမ်းသာပေးရမယ်၊ သူ့မှာကလည်း သူများအိမ်ဌားနေရတာဆိုတော့ ပေးစရာက မရှိ။

☆ဘာလုပ်ရမလဲ စဉ်းစားပြီး စာကလေးတွေအတွက် အိမ်ဆောက်ခိုင်းလိုက်တယ်။ အိမ်ဆောက်တဲ့အခါ နုလုံးသွင်းရမှာက အပေးနဲ့သွားရမယ်။ စာကလေးတွေမှာ မိုးကာလမှာဆိုရင် နေစရာမရှိလို့ မိုးတွေကစိုလို့။ တချို့စာကလေးတွေမှာ သစ်ကိုင်းမှာ နားနေရင်းနဲ့ အအေးပတ်ပြီး ပြုတ်ကျသေတာ ရှိသေးတယ်။ အင်မတန် ဆင်းရဲရှာတယ်။

အဲဒီတော့ အိမ်ကလေးတွေ ဆောက်ပေးရအုံးမယ်ဆိုတဲ့ စေတနာအပြည့်နဲ့ အမိုးလေး၊ အကာလေးနဲ့ ကပြင်လေးနဲ့၊ စားစရာနေရာလေးနဲ့ အိမ်လေးကို သေချာစဉ်းစားပြီးတော့ ဆောက်ပါ။ ဆောက်ပြီးတော့ ကျကျနနအိမ်အဖြစ် လှူပေးပါ။

အဲဒီလို အကြိမ်ရေများစွာ လှူပေးပြီး စာကလေးတွေလည်း နေဖြစ်ပြီဆိုရင် ၀မ်းသာပီတိဖြစ်ရမယ်။ အဲဒီလို ပုဂ္ဂိုလ်ဆိုရင် သတ္တိကိန်းတာနဲ့ တစ်ပြိုက်နက် သူ့အတွက် နေစရာပူမနေရဘဲ ရလာမယ်။ ရမှာအမှန်ပဲဆိုတာ နားလည်ကြ၊ သဘောပေါက်ကြပါ။ နှလုံးသွေးထဲမှာ စိတ်ထဲမှာ သတ္တိသွင်းရမှာကို ဆိုလိုတာဖြစ်တယ်။

ဒီထက်အလွန် သစ်ပင်ကြီးမျိုးတွေ စိုက်ပျိုးခြင်း၊ ကျောင်း၊ သိမ်၊ ဇရပ် စသည်တို့ ဆောက်လှူပြီး ပီတိဖြစ်နိုင်လျှင် ပိုပြီးအားကောင်းမယ်လို့ မှတ်ကြပါ။

ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page