“အစွဲအလမ်းကြီးသူ တစ်ယောက် အကြောင်း” (ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်)

“အစွဲအလမ်းကြီးသူ တစ်ယောက် အကြောင်း”

ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့တာလေးတစ်ခုပါ။ အဖိုးကြီးကတော့ အခုထက်ထိအဲဒီ့ရွာမှာပဲရှိနေဆဲပါတဲ့…. ကာယကံရှင် တွေရဲ့တောင်ဆိုချက်ကြောင့် နေရာနဲ့ နာမည်တွေတော့ လွဲရေးလိုက်ပါတယ်…… ညီထွေး ရုပ်တရက်လန့်ပြီး အိပ်နေရာ က နိုးလာခဲ့တယ် သူ့နာမည်ကို တစ်ယောက်ယောက်က ခေါ်နေသလိုမျိုးသူကြားလိုက်ရတယ်လေ ဘာ့ကြောင့်သူလန့်နိုး လာခဲ့ တယ် ဆိုတာ သေသေချာချာမသိပေမယ့် ချွေးတွေကတော့ ကြောက်စိတ်ကြောင့်ရွဲနစ်နေတယ် ရင်တွေလဲ တလှပ်လှပ်နဲ့ပေါ့… ဘာအိပ်မက်မက်ခဲ့တယ်ဆိုတာတော့ စဉ်းစားလို့မရဘူး သူ့နာမည်ကတော့ ခေါ်သံကြားနေဆဲပဲ……

ညီထွေး………….. ညီထွေး………….. ညီထွေး………….. ညီထွေး………….. သူလဲ သူ့နာမည်ခေါ်နေတဲ့အတွက် အိပ်ယာထဲ့ကနေလူးလဲထလာခဲ့တယ် အသံက အိမ်ရှေ့ကနေခေါ်နေသလိုပဲ နာရီကြည့်လိုက်တော့ ဆယ်နှစ်နာရီနဲ့ ဆယ့်ငါ့မိနစ် တိတိ ၁၂:၁၅ အဲဒါနဲ့သူအိမ်ရှေ့ကိုထွက်လာခဲ့တယ် ခြံဝင်းအပြင်ဘက်မှာတော့ မှောင်မှောင်နဲ့မဲမဲပေါ့ လူလုံးကွဲအောင်တောင်မမြင်ရဘူးလေ ….. ဘယ်သူလဲ……….. သူ့အသံကိုမတိုးမကျယ်လေးအော်မေးကြည့်လိုက်တယ် ဒါပေမယ့် ဘာသံမှမကြားရဘူး ညဉ့်ပိုးကောင်တွေရဲ့အသံကတော့ ဟိုနားကမြည်လိုက်ဒီနားကမြည်လိုက်ပေါ့… ဘယ်သူလဲ ခေါ်နေတာ…….. သူစိတ်မရှည်သံနဲ့ထပ်မေးလိုက်တယ်… ညဉ့်ယံမှာတော့ သူ့အသံတစ်ခုပဲကြားနေရတယ် ဘာသံမှတော့ ထပ်မကြားရဘူး။

သူလဲဘာမှဆက်မပြောတော့ဘဲ အိမ်ထဲပြန်ဝင်ဖို့ နောက်ပြန်လှည့်လိုက်တော့…… ငါပါကွ……… ညီထွေး……. သားချော လေ……… အော်….ဟေ့ကောင် သားချော……. မင်းအခုမှပြန်လာတာလား…… ဘယ်လိုလဲ…. အဆင်ပြေခဲ့လား….. သားချောဆိုတာက ညီထွေးရဲ့ငယ်သူငယ်ချင်းလေ သူကမြို့ပေါ်သွားပြီး ကုန်ကူးတယ် မြို့ကပြန်လာတိုင်းလဲ ညီထွေးတို့ အိမ်မှာလာအိပ်နေကြလေ ရောက်တာကစောတာကိုး ညီထွေးမှာက အမေအိုကြီးတစ်ယောက်နဲ့ အမအပျိုကြီးနှစ်ယောက် နဲ့နေ တာ သူ့အမေအိုကြီးအိပ်ရေးမပျက်အောင်ဆိုပြီး မြို့ကပြန်ရောက်ရင် ညီထွေးတို့အိမ်မှာပဲလာအိပ်ပြီးမနက်မိုးလင်းမှ ပြန်နေကျလေ… ခုနောက်ဆုံးတစ်ခေါက်သွားတာ တော်တော်ကြာနေပြီ သူ့အမတွေတောင်မနေ့ကမှ ညီထွေးနဲ့ အဆက်အသွယ် ရသေးလား လာမေးနေတာ…

အေးကွ… အဆင်မပြေပါဘူးကွာ… ငါပြန်သွားရအုံးမှာကွ ….. .. ရောက်ရောက်ချင်းမင်းကိုလဲ ငါသတိရတာနဲ့ ဝင်နူတ်ဆက် တာ….. ဟုတ်လား….. ဘယ်အချိန်ပြန်သွားရမှာလဲ…. အထဲဝင်အုံးလေ…. ထုံးစံအတိုင်း…. မိုးလင်မှသွားပါလား….. ငါမဝင်တော့ဘူး သူငယ်ချင်း…… ငါ့ဧည့်သည်တွေပါသေးတယ်….. ငါအမေ့စီသွားလိုက်မယ်….. အခုအမေ့ကို လာခေါ် တာကွ…နောက်ရှစ်ရက်နေရင်အမေ့ကိုခေါ်ပြီး ပြန်သွားရမယ်….. မင်းကိုလဲကျေးဇူးတင်ပါတယ်ကွာ…. ငါသွားပြီ သူငယ်ချင်း… အေးအေး….။

ထွက်သွားတဲ့ သူငယ်ချင်းသားချောကို မမြင်မစမ်ကြည့်ရင်း သူပြုံးလိုက်တယ်… သူ့ဧည့်သည်တွေပါလာလို့ ဒီတစ်ခေါက် တော့ မအိပ်သွားတာထင်တယ်…. သူဧည့်သည်ဆိုမှ သားချောနောက်ကိုကြည့်လိုက်တော့ လူနှစ်ယောက်ကို ဝေဝေဝါးဝါး တွေ့လိုက်တယ်… လူကောင်ကြီးကြီးနဲ့ပဲ….အဲဒါနဲ့ သူလဲအိမ်ထဲပြန်ဝင်ပြီးအိပ်လိုက်တာ မနက်မိုးစင်စင်လင်းမှ နိုးလာတော့ တယ်….

နောက်တစ်ရက်နေ့လည်လောက်ကျ အိမ်ရှေ့မှာရှိနေတုန်း သားချောအမအကြီးဆုံးခြံရှေ့ကဖြတ်သွားတာမြင်တော့ လှမ်းနူတ်ဆက်လိုက်တယ်… အမကြီး…. ဘယ်လဲ……. အေး….. ညီထွေး….ရေ…….. ဆရာဝန်သွားပင့်မလို့…. မင်းကြီးကြီး နေမကောင်းလို့ ကယောင်ကတန်းတွေလဲပြောနေတယ် ညီညီရေ…. အမတော့စိတ်ညစ်တာပဲ… မင်းကောင် ကလဲ အဆက်အသွယ်မရနဲ့…… ငါ့တော့ငိုချင်တာပဲသိတယ်….. ပြောပြောဆိုဆိုနဲ့ထွက်သွားတဲ့အမကိုကြည့်ပြီး ကြောင်သွား တယ်…. ညကမှ သားချောပြန်လာတာပါ…… ချက်ချင်းပြန်သွားရလို့လား…… ဧည့်သည်နှစ်ယောက်တောင် ပါသေးတယ်….. ခဏနေတော့ ညီထွေးအမေဈေးကပြန်ရောက်လာတယ်…. အေးသားရေ…. မင်းသူငယ်ချင်းစီက….. ဘာသတင်းမှမရဘူးလား… သားချောအမေက တော်တော်နေမကောင်းဖြစ်နေတယ်……. ဗျာ………. မဟုတ်ပါဘူး အမေရဲ့…. သားချောက… ညကပြန်ရောက်လာတယ်လေ…. ခုအိမ်မှာမရှိဘူးလား….. သားနဲ့တောင်စကားတွေပြောပြီး နူတ်ဆက်သွားတာ……

အယ်…. ဒီကောင်လေး…. ပေါက်ကရပြောနေ…… ခုတောင် ကြီးကြီးက ကယောင်ကတန်းနဲ့ သူ့သားကိုပြောသလို ပြောနေတာ….. သူ့သားရှိနေတဲ့အတိုင်းပဲ … မဟုတ်သေးပါဘူးအမေရဲ့…. သားနဲ့တကယ်ကို စကားပြောပြီး ပြန်သွား တာ… ဧည့်သည်နှစ်ယောက်တောင်ပါသေးတယ်….. နောက်ရှစ်ရက်နေရင် ကြီးကြီးကိုခေါ်ပြီး ပြန်သွားမှာတဲ့…… အမေလဲ ဘာမှမပြောနိုင်ဘဲ ကြောင်သွားတယ်…. ဟယ်.. ဒီကောင်လေကတော့ သွားသွားနင်မယုံရင် သားချောအိမ်ကိုသွားကြည့် ပေါ့… ဖယ်ဖယ်… ငါဟင်းချက်ရအုံးမယ်…… ဆိုပြီး..အိမ်ထဲကိုဝင်သွားတယ်…. ညီထွေးလဲ ဘာလုပ်ရမှန်းမသိတော့ ဘူး…. ညကသေသေချာချာ သားချောနဲ့စကားတွေပြောတာလဲ အမှန်ပဲလေ….. အဲဒါနဲ့ သူသားချောအိမ်ကိုထွက်လာခဲ့ တယ်………

သားချောအိမ်ရောက်တော့…… သားချောအမငယ်က မီးဖိုထဲမှာဟင်းအိုတည်နေတယ်လေ… အမငယ်… ကြီးကြီး နေမကောင်း ဘူးဆို…. ဟုတ်တယ်… ညီထွေးရေ… တော်တော်ဖြစ်နေတယ်…. အိပ်ယာထဲကတောင်မထနိုင်ဘူး… သွားလေ အပေါ်ကို…. အိပ်ယာထဲမှာရှိတယ်…. စကားလေးသွားပြောလိုက်ပေါ့…. ဟုတ်ကဲ့အမ…. အော်….. မင်းကောင် ရှိတယ်လို့ပြောလိမ့်မယ်…… ဘာပဲပြောပြော ညိမ်သာနေလိုက် ညီထွေးရေ…. အမကတော့ စိတ်ညစ်တယ်…. ဟုတ်ကဲ့… ဟုတ်ကဲ့……. ညီထွေးလဲအိမ်ပေါ်တတ်လိုက်တော့ ကြီးကြီးကတော့ အိပ်ယာထဲမှာလဲနေတယ်….. ကြီးကြီး နားသွားလိုက် ပြီး…. ကြီးကြီးနေကောင်းလား……. ဘယ်လိုနေလဲ…. သက်သာလား……

ကြီးကြီးက ညီထွေးအသံလဲ ကြားတော့ မျက်လုံးပွင့်လာတယ်….. အော….. ညီထွေးလား…. အေးသား…. မသက်သာ ပါဘူးကွယ်…. နေလို့ထိုင်လို့မကောင်းဘူး….. အသက်ကြီးလာတော့ဒီလိုပါပဲကွယ်….. မင်းကောင်ရောက်လာလို့ တော်သေးတာပေါ့….. သူကဘာကိုစိတ်ဆိုးနေတာလဲတော့မသိဘူးသားရေ… စကားတစ်ခွန်းမှမပြောဘူး… သားရေ……. သားချော…… ဒီမှာမင်းသူငယ်ချင်းရောက်နေတယ်….. ကြီးကြီးက ပြောပြောဆိုဆိုနဲ့ လူမမာလေသံခပ်ယဲ့ယဲ့နဲ့ သူ့သား အိပ်ခန်းစီကိုလှန်းကြည့်ပြီး ခေါ်လိုက်တယ်…

ညီထွေးစိတ်ထဲမှာလဲသားချောရှိနေတယ်ပဲထင်ထားတယ်လေ… ရုတ်တရက်ပေါ့ သားချောအခန်းဝက လိုက်ကာ ခန်းစီးက လေမတိုက်ဘဲ… လွင့်သွားတယ်… လူတစ်ယောက်ထွက်လာသလိုလိုမျိုးပေါ့…. ဒါပေမယ့်….. ဘယ်သူမှထွက်မလာ ပါဘူး ….. ညီထွေးမျက်လုံးပြူးသွားတယ်….ကြီးကြီးကတော့ဘာမှမပြောဘဲ သူ့သားအခန်းကိုပဲ ပြုံးပြုံးကြီးကြည့်နေတယ်. အဲဒါနဲ့ ညီထွေးက အခန်းထဲမှာများ သားချောရှိနေမလားဆိုပြီးအခန်းစီကိုလမ်းလျှောက်သွားပြီး အခန်းဝကနေ ကြည့်လိုက် တော့ …. အခန်းထဲမှာ ဘယ်သူမှရှိမနေပါဘူး… ဘုရားရေ…. သားချောရှိနေရမှာပါ…… ညကတောင်စကားတွေ ပြောနေခဲ့တာ လေ…. ဘာလဲ……. ညီထွေးစဉ်စားရကျပ်နေတုန်း…. ကြီးကြီးပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် ခေါင်းနပမ်းပါကြီးသွား တယ်…

ကြီးကြီးက အိပ်ယာထဲ့ကနေ မထွက်တဲ့အသံယဲယဲလေးနဲ့ ပြောတာက……. သား….. ညီထွေး…… ဘာရှာနေတာလဲ… သားချောက မင်းနောက်မှာလေ…… အောင်မလေးမြတ်စွာဘုရား…….ညီထွေးလဲဘာမှမစဉ်းစားနိုင်တော့ပဲ… ကြီး.. ကြီးကြီး……. ကျွန်တော်ပြန်လိုက်အုံးမယ်နော်…..နောက်မှပြန်လာခဲ့ပါ့မယ်…… ဆိုပြီး….. အိမ်ပေါ်ကနေ ဇွတ်အတင်း ဆင်းပြေးရတယ်… အိမ်အောက်ရောက်တော့…. အိမ်ခြံဝမှာ သားချောအမနှစ်ယောက်နဲ့ လူကြီးလေးရောက်လောက် စကားပြောနေတာတွေ့ရတယ်… ဘာများပြောနေကြတာလဲတော့မသိဘူးပေါ့…..ခဏနေတော့ လူကြီးတွေပြန်သွားပြီး… အမနှစ်ယောက်အထဲဝင်လာတယ်…. သူတို့မျက်နှာလဲမကောင်းဘူး….. အမငယ်က ငိုနေတယ်…. အမကြီးကတော့ တင်းထားပုံရတယ်လေ….

အမဘာဖြစ်ကြတာလဲ…… တော်တော်နဲ့ ပြန်မဖြေကြဘဲ အိမ်အပေါ်ထပ်ကိုပဲကြည့်နေတယ်….. တော်တော်ကြာ တော့မှ….. ညီထွေးရေ… မင်းသူငယ်ချင်း သားချောက ဆုံးပြီးတဲ့….. ကုန်ကူးသွားရင်း…လမ်းမှာပြသနာဖြစ်ကြရာက လက်လွန်သွားတယ်တဲ့… သူဆုံးတာမှ တစ်လတောင်ကျော်ပြီးတဲ့ နောက်ဆုံးငါ့မောင်လေရဲ့မျက်နှာတောင်မှ မြင်ခွင့် မရလိုက်ပါလား ညီထွေးရယ်……… ဗျာ………. ညီထွေးဘာမှမပြောနိုင်တော့ပါဘူး သူ့သူငယ်ချင်းက သူ့ကိုသတိတရ လာနူတ်ဆက်သွားတာပဲ…နောက်ရှစ်ရက်တိတိမှာတော့ ကြီးကြီးဆုံးသွားတယ်…. သားချောအမနှစ်ယောက်ကတော့ မကြီးက အပျိုကြီးဘဝနဲ့ပဲ အဲဒီအိမ်မှာပဲ ဆုံးပါသွားခဲ့တယ်….. အမငယ်ကတော့ အိမ်ထောင်ကျပြီး….ကလေး သုံးယောက် နဲ့ တစ်ခြားမြို့ကိုပြောင်းသွားခဲ့တယ်… အဘညီထွေးကတော့….. အခုထက်ထိအဲဒီမြို့မှာပဲရှိနေပါသေးတယ်…

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page